⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_64အိမ်ရှေ့ပေါ်တီအောက်ကို ဝေါခနဲ ထိုးဆိုက်လာတဲ့ကားသံကို ကြားလိုက်ရတာနဲ့ တစ်ပြိုင်နက် သော်တာ ချက်ချင်း အိမ်ထဲကနေ ပြေးထွက်လာခဲ့သည်.....
''ကျွီ!!!!"
ညရောက်လို့ မီးတွေတောင် ထွန်းထားရပြီဟာကို မျက်မှန်အနက်ကြီး တပ်ထားတော်မူတဲ့ သားဂါမဏိလေးက အနောက်တိုင်းဝတ်စုံ အနက်ရောင်ကိုပါ စမတ်ကျကျ ဝတ်ဆင်ထားပြီး ကားရှေ့ခန်းကနေ ဆောင့်ကြွားကြွားပုံနဲ့ ဆင်းချလာတာကို မြင်လိုက်ရတော့ သော်တာ ဆွံ့အသွားရသည်.....
ဘယ်ကစပြီး ဆူရမလဲလို့ ကြောင်ပြီး ကြည့်နေမိဆဲ...
သားလေးက လက်အုပ်လေးချီ ဒူးလေး အနည်းငယ် ညွှတ်ကာ နှုတ်ဆက်လာတော့သည်.....
''ဆဝါဒီခ"
''ဂါမဏိတင်ထွဋ်!!!!!'''
သက်ကလေးက ဒေါသထွက်သွားပြီး အတင်းအော်တော့ သားဂါမဏိလေးက မျက်မှန်ကို ကျော်ပြီး သူ့မေမေကို လှမ်းကြည့်လိုက်ကာ ....
'' Oh! No No No "
''My name is Bond''
''Garmani Bond''
''ဟင်'''
သော်တာ မျက်လုံးပြူးနေဆဲ သားက ဘယ်လက်ကို မြောက်ပြလိုက်တော့ ဒီရဲရဲ့ ဖုန်းကနေ James Bond တီးလုံးသံက ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည် ....
တီးလုံးသံ ကြားလိုက်ရတော့ ပိုပြီးတော့ သွေးကြွလာပုံရတဲ့ ဂါမဏိလေးက ကုတ်အင်္ကျီ အတွင်းဖက်ကို ညာလက်နဲ့ ဟန်ပါပါ နှိုက်လိုက်ပြီး သေနတ်တစ်လက်ကို ဆွဲထုတ်လာလေသည်.....
"ဟောတော်"
ကိုဒီရဲနဲ့ကိုဆန်းတိုးတို့နားမှာနေပြီး James Bond ကားတွေ ဘယ်လောက်တောင် ကြည့်ထားတယ်မသိတဲ့ သားလေး လုပ်နေပုံက တကယ့်ကို ဟန်ပါပါနဲ့ စမတ်ကျလှသည်.....
''ဒိုင်း"
''ဒိုင်း''
''ဒိုင်း'''
လာကြိုကြရှာတဲ့ Milo တို့ သုံးကောင်ခမျာ သားတော်မောင်က သေနတ်နဲ့ လှမ်းပစ်နေတော့ အိမ်ထဲကို ပြန်ဝင်ပြေးကြတာများ တန်းနေလေသည်....
YOU ARE READING
⚜️Nay Tin's Love Story⚜️
Romanceငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထဲ... ဦးနေကြီး နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်မိတယ် "သုနေတင်ထွဋ်" လို့ အနော်ရင်ထဲက ပဲ့တင်ထပ်သံတ...