Chapter 42

314 45 0
                                    


ရှန်ယန်သည် အဖြူရောင် အားကစားဝတ်စုံကိုဝတ်ဆင်ထားရင်း ပိုနီတေးကို ခပ်မြင့်မြင့်စည်းထားကာ ယုံကြည်မှုအပြည့်ရှိနေပုံရသည်။ သူမက လှပသောရုပ်ပုံတစ်ခုလို​​ဖြစ်​နေ​​ပြီး ကြည့်ရှုသူများက သူမနှင့်ဝေးရာသို့ လှည့်မကြည့်နိုင်​ပေ။

ရှန်းယွဲ့သည် ဆန့်ကျင်ဘက်တွင် မျက်မှောင်ကြုတ်ကာကြည့်နေသည််။

သူမသည် ဒီဝတ်စုံက Limited Edition ဖြစ်ကတည်းက လိုချင်တာကြောင့် သူမအတွက် ဝယ်ပေးရန် သူ့အမေကို တောင်းဆိုခဲ့သည်။ သို့သော်လည်း သူမ၏အ​မေက ငြင်းဆိုခဲ့ပြီး ​​မောင်ဖြစ်သူအတွက် ဒေါ်လာ ၁ သန်းတန် ဖိနပ်တစ်ရံကို ဝယ်ယူ​​ပေးခဲ့သည်။

ရှန်ယန် ဘေးတွင် ဖန်းသော် သည် သူမ၏ ပုံရိပ်ကို စူးစူးစိုက်စိုက်​ကြည့်ကာ သွားရည်ကျလုနီးပါး ဖြစ်နေသည်။

သူမလက်ကို ဆန့်ထုတ်လိုက်သော်လည်း မကြာခင်မှာပင် ပြန်ရုတ်သိမ်းလိုက်သည်။ သူမက ရှန်ယန်ယန်၏ လှပသော အနက်ရောင်ဆံပင်ကို ပွတ်သပ်လိုက်ချင်နေသည်။ ချောမွေ့ပြီး ပျော့ပျောင်းလွန်းတာကြောင့် ရှန်ယန်ရဲ့ဆံပင်တွေက သူမလက်ချောင်းတွေကနေ ချော်ထွက်သွားတာကို တကယ်ခံစားချင်ခဲ့သည်။

ဖန်းသော် ဟာ ဆံပင်ရှည်ထားဖို့ ကြိုးစားခဲ့ပေမယ့် ဆံပင်ရှည်လာတိုင်း ခြောက်သွေ့ကာဖွာသွားလျက်ရှိသည်။ ရှန်ယန်၏ဆံပင်သည် သူမ၏ဆံပင်အရည်အသွေးသည် လုံးဝထိခိုက်ခြင်းမရှိပေ။

အိုးယဲ့သည် ဖန်းသော်ကိုဖြတ်လျှောက်သွားသည်။ "ဖန်းသော်လေး မင်းရဲ့ သွားရည်တွေကို သုတ်လိုက်ဦး။ ​မြေ​​ကြီးပေါ်​​တောင် ရောက်​လုနီးပါးဖြစ်​​နေပြီ။"

ဖန်း​သော်သည် သူမ၏ ပါးစပ်ထောင့်များကို အမြန်သုတ်လိုက်ပြီး သွားရည်လုံးဝမရှိကြောင်း တွေ့လိုက်သောအခါ အိုးယဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အိုးယဲ့က သူ့လက်ကို ခေါင်းနောက်မှာ ထားလိုက်တယ်။ "ပြိုင်ပွဲကိုသာ အာရုံ​သေချာစိုက်စမ်းပါ။ ဒါက ငါတို့နဲ့ အတန်းတစ်ကြားက ဂုဏ်ယူစရာ ပြိုင်ပွဲပဲ။"

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Où les histoires vivent. Découvrez maintenant