Chapter 36

298 37 0
                                    


ရုံးခန်းထဲတွင် ချန်းလန်သည် သူမအား ဂုဏ်ပြုနေသော ဆရာများစွာဖြင့် ဝန်းရံထားသည်။ ဤသည်မှာ သူမ၏ ဂုဏ်ယူဖွယ်ရာ အခိုက်အတန့်ဖြစ်သည်။

"မစ္စချန်း မင်းက တကယ်ကောင်းတဲ့ ပျိုးပင်တစ်ပင်ကို ကောက်ရလိုက်တာပဲ"

တစ်ချိန်က ရှန်ယန်၏ ရလဒ်များကို မထည့်ရန် ဖျောင်းဖြရန် ကြိုးစားခဲ့သော အတန်းသုံး၏ အတန်းပိုင်ဆရာက ခေါင်းငုံ့ပြီး ရိုးသားစွာပြောခဲ့သည်

"မစ္စချန်း ကျွန်တော်က အမြင်ကျဥ်းလွန်းတယ်။ မင်းက အရည်အချင်းရှိတဲ့ ဆရာတစ်​ယောက်ပယ။ ကျွန်တော် မင်းဆီက ပို​ပြီးသင်ယူသင့်တယ်။"

"ကျွန်မက ကံကောင်းသွားတာပါ..." ချန်းလန်က ပြုံးပြီး ဒီတစ်ခါ သူမ ကံကောင်းတယ်လို့ ခံစားရတယ်။ ကျောင်းသားအသစ်သည် လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ သူမ၏အတန်းသို့ ရောက်လာခဲ့သည်။

လီမိန်သည် ရုံးခန်းအတွင်း အထင်ရှားဆုံး နေရာတွင် ထိုင်နေသော်လည်း ယခုတစ်ကြိမ်တွင် သူမ၏ စားပွဲဝိုင်းတွင် မည်သူမျှ မရှိသည့်အပြင် ဆရာများကပင် သူမကို တမင်ရှောင်နေခဲ့သည်။

ခွေးတိုင်းဟာလည်း သူ့နေ့ရက်တွေရှိကြတယ်။ ဒီတစ်ခါတော့ ကံကြမ္မာက သူမကို မျက်နှာသာမပေးခဲ့ဘူး။

အော်ဟစ်အားပေးနေတဲ့ လူအုပ်ကို ကြည့်လိုက်တော့ သူမဟာ သူ့မဘာသာသူမ ချဥ်တူးစွာ ရေရွတ်လိုက်သည်။

"ဟမ့် ဒါက သင်္ချာစာမေးပွဲပဲလေ။ သူမ အဆင့်ကို ထိန်းသိမ်းနိုင်တောင် ဘာသာရပ်တစ်ခုတည်းမှာပဲ ထူးချွန်သော ကျောင်းသားများကို တွေ့ဖူးတယ်။ ကျောင်းသားတော်တော်များများက သင်္ချာဘာသာရပ်မှာ တော်​ကြပေမယ့် တရုတ်နဲ့ အင်္ဂလိပ်မှာ အရမ်းညံ့ကြတယ်"

ထိုအချိန်တွင် ချန်းလန်သည် အားမာန်အပြည့်ချီးကျူးနေသော သူမ၏လုပ်ဖော်ကိုင်ဖက်များ၏ ချီးကျူးစကားကြောင့် ရှက်ရွံ့သွားပြီး "ကျောင်းသူသစ်က ရှင်ပြောသလို မှော်ဆန်တာမဟုတ်ဘူး။သူမ တခါတုန်းက ပြောခဲ့ဖူးတာက သူ့မကတရုတ်စာမှာ သိပ်မကောင်းဘူးတဲ့။ သူမကကြိုးစားဖို့ လိုအပ်နေပါသေးတယ်။"

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now