Chapter 8

321 34 0
                                    


ဒုကျောင်းအုပ်က တုန်လှုပ်နေခဲ့သည်။ကျောင်းအုပ်ကြီး ဒေါသအရမ်းထွက်နေတာကိုသိပေမယ့် ဒုကျောင်းအုပ်ကမဝံ့မရဲလေးပြောလိုက်သည်။

"ကျွန်တော်လည်း Mrs.ရှန်းကို ပြောပြထားပါတယ် ​ ပြီး​တော့ စာကြည့်တိုက်သစ်ကလည်း စဆောက်နေပြီဆိုတော့ ..."

"ဒါဆိုလဲ အဲ့ဒါကို ဖျက်ခိုင်းလိုက်!"

ကျောင်းအုပ်ကြီးက ဒေါသအရမ်းထွက်လာတာကြောင့် နဖူးမှာ သွေးကြောများပင် ထွက်လာပြီး သူ့လက်က စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်တဲ့အတွက် လက်ဖဝါးတွေ နီရဲလာခဲ့တယ်။

မတိုးသာမဆုတ်သာအခြေအနေ ဖြစ်လာတာကြောင့် ရှန်ယွဲ့​က ရုတ်တရက်ပြောလိုက်တယ်။

"ကျောင်းအုပ်ကြီး၊ သမီးရဲ့ ဝမ်းကွဲ ရှန်ယန်က တကယ့်ကို သနားသရာကောင်းတဲ့ မိန်းကလေးပါ။ ယန်ယန်က တောမှာကြီးပြင်းခဲ့ရပြီး သူ့ကိုမွေးစားခဲ့တဲ့သူကလည်း စကားမပြောနိုင်ဘူးလေ သူမကတော်တော်ကို နာကျင်ခဲ့ရတာ"

သူမသည် သူမ၏ဝမ်းကွဲအတွက် တကယ်ကို ဝမ်းနည်းသလိုခံစား​ပြပြီး စကားပြောရင်း မျက်ရည်ကျပြလုမတတ်ပင်ဖြစ်လာသည်။

ဒါပေမယ့် ကျောင်းအုပ်ကြီးကတော့ မတုန်မလှုပ်ရှိ​နေဆဲပင်။ သူအတွက် အမုန်းဆုံးအရာက အနောက်တံခါးမှ ဝင်ချင်သောသူများဖြစ်သည်။

" အဲ့ဒါက ​​ကျောင်းစည်းကမ်းနဲ့ မဆိုင်ဘူး။ ငါတို့ကအဲ့လို့ဆိုတိုင်းအားလုံးကို ဝင်ခွင့်ပြုရင် ငါတို့​ကျောင်းကို ဘယ်လိုလုပ်ပြီး​တော့ ​မြို့​တော်ရဲ့ အကောင်းဆုံး အထက်တန်းကျောင်းလို့ ခေါ်လို့ရ​တော့မှာလဲ"

ကျောင်းအုပ်ကြီး၏ စကားကိုကြားတော့ ခန်းဝေကျန်းသည် မျှော်လင့်ချက်မရှိမှန်း သိလိုက်ရသည်။ကျောင်းအုပ်ကြီးက သူ့သမီးအား ဝေဖန်မည့်စကားများကို နားမထောင်ချင်သောကြောင့် ကျောင်းအုပ်ကို စည်းရုံးရန် မကြိုးစားခဲ့ပေ။

ယန်ယန်သာ ပျောက်မသွားဘူးဆိုရင် ဒီနေ့လို အဖြစ်မျိုး ဖြစ်မှာမဟုတ်တာ သေချာတယ်။ သူမဟာ အခုလိုမျိုး နှိမ့်ချခံရမှာ မဟုတ်ဘူး၊ ယန်ယန်ဟာ အကောင်းဆုံးမိန်းကလေးဖြစ်မှာ သေချာတယ်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now