Chapter 13

283 37 0
                                    


သူမသည် Ace အတန်းဖြစ်သည့် အတန်းတစ်သို့သွားရမည်ဖြစ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ဒုကျောင်းအုပ်ရုံးခန်းအပြင်ဘက်ရှိ ဧည့်ခန်းတွင် စောင့်ဆိုင်းခြင်းခံထားရသည်။

ဘာမှလုပ်စရာမရှိတာကြောင့် ရီဂျွန်ချန်းပေးခဲ့တဲ့ ​အညွှန်းစာရွက်ကို ထုတ်ပြီး လေ့လာ​နေတယ်။

ကျွမ်းကျင်သူတစ်​ယောက်​အနေနဲ့ အနည်းဆုံး သုံးရက်​​လောက်​​လေ့လာဖို့ လိုအပ်​တဲ့ ဒီစာရွက်​ကို အချိန်​တိုတိုအတွင်းမှာပဲ သေချာမှတ်​မိခဲ့တယ်​။

ထိုအချိန်တွင် ဒုကျောင်းအုပ်သည် ငယ်ရွယ်အမျိုးသမီးတစ်ဦးနှင့်အတူ ထွက်လာပြီး

"ရှန်းယန်၊ ငါ မင်းကို မိတ်ဆက်ပေးမယ်။ ဒီနေ့ကစပြီး မင်းက အတန်းခုနစ်က ကျောင်းသူတစ်ယောက်ဖြစ်ပြီးတော့ ဒါကတော့ မင်းရဲ့အတန်းပိုင်ဆရာမချန်းလန်ပဲ။ သူမက အရမ်းတော်တဲ့ ဆရာမတစ်ယောက်ပါ"

ဤသို့ပြောပြီးနောက် ဒုကျောင်းအုပ်မှာ အနည်းငယ်စိုးရိမ်သွားသည်။ သူတို့က ရှန်ယန်အား အတန်းတစ်တွင်တက်ရမည်ဟုပြောခဲ့သော်လည်း အခုအခါမှာတော့ အတန်းခုနှစ်ဖြစ်သွားတော့ သူမစိတ်ပျက်သွားမှာကို စိုးရိမ်နေမိသည်။

သို့သော်လည်း သူမကအေးအေးဆေးဆေး လက်ခံခဲ့တော့ သူအံ့အားသင့်သွားရသည်။

"တွေ့ရတာဝမ်းသာပါတယ် ချန်လောင်ရှီး"

သူမအမြင်က အဆင့်တစ်​ဖြစ်ရန် အတန်းခုနှစ်ဒါမှမဟုတ် အတန်းတစ်ဖြစ်ဖြစ် အရေးမကြီးပါချေ။

ဒုကျောင်းအုပ်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ တော်သေးတာပေါ့ ဒီမိန်းကလေးဟာ ကျောင်းက တခြားချမ်းသာတဲ့ ကလေးတွေနဲ့ မတူတဲ့ ဘဝကို​ဖြတ်သန်းခဲ့ရလို့ ဒီနေ့လို စော်ကားမှုမျိုးကိုတောင် သည်းခံနိုင်ခဲ့သည်။

*

အတန်းတစ်ရဲ့ စာသင်ခန်းထဲတွင်

"ကျောင်းစတက်တဲ့နေ့မှာပဲ မစ္စလီက သူမကို အတန်းထဲကနေ ထုတ်ပစ်ခဲ့တယ် သူ့မနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေတာရှိမှာပဲ"

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now