Chapter 34

379 43 0
                                    


"မင်းအမေက မင်းအတွက် ကျူရှင်ဆရာရှာနေတယ်ကြားလို့ ကိုယ်လျှောက်လွှာတင်ခဲ့ပေမယ့် ပယ်ချခံလိုက်ရတယ်။" ရီဂျွန်ချန်းက ရယ်မောပြီး အဓိပ္ပါယ်ပါစွာ ပြောလိုက်သည်။

"အန်တီရဲ့ လိုအပ်ချက်တွေ အရမ်း​မြင့်​တယ်"

ရှန်ယန်က သူ့ကို တိတ်တဆိတ် ကြည့်နေသည် ။ သူမသည် ထိုကိုယ်စားလှယ်လောင်းများ၏ အထောက်အထားများကို မြင်တွေ့ခဲ့ရပြီး ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မှ သူမအား သင်ကြားရန် အရည်အချင်းပြည့်မီခြင်းမရှိသော်လည်း ရီဂျွန်ချန်းသာဆိုပါက ဇာတ်လမ်းက တစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင်သည်။

ဒါပေမယ့် သူ့အမေက သူ့ကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲဆိုတာ သူမ နားမလည်ဘူး။

ဟုတ်တာပေါ့။ ထိုအကြောင်းအား ရီဂျွန်ချန်းရဲ့ ရှေ့မှာတော့ သူမ မပြောသင့်ဘူးလေ။

အထက်တန်းကျောင်းက စာတွေအကုန်လုံးကို သူမနားလည်ခဲ့ပြီမို့ ထိုသင်ခန်းစာတွေ အပေါ်မှာနောက်ထပ်အချိန်တွေ ထပ်မဖြုန်းချင်တော့ပေ။

တစ်ယောက်ယောက်ကသာ သူမအားကျုရှင် သင်ပေးခဲ့ရင် ထိုအရာက အချိန်ဖြုန်းဖို့ပဲ​ဖြစ်လိမ့်မည်။

ထိုယောက်ျား၏အကြည့်သည် တရွေ့ရွေ့ပြောင်းသွားပုံရပြီး သူမ၏လှပသောမျက်နှာမှ စားပွဲပေါ်ရှိ စာအုပ်တစ်အုပ်ဆီသို့ ရွေ့သွားကာ ပြုံးလိုက်သည်။ "စာဝှက်​ရေးနည်း အချို့ကို ကိုယ်သိတယ်"

"တကယ်လား?" ရှန်ယန်၏ မျက်လုံးများက တောက်ပလာပြီး သူ့ကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။

သခင်လေးရီ သူ့ပါးကို လက်​ဖြင့်အုပ်ကာ ခါးခါးသီးသီး ပြုံးလိုက်သည်။

"ဒါဆို မင်းရဲ့ ကျူရှင်ဆရာဖြစ်ဖို့ ကိုယ်အရည်အချင်းပြည့်မီပြီလား"

"ဟုတ်တာပေါ့"

ရှန်ယန် ခေါင်းကိုပြငပြင်းထန်ထန် ညီတ်ပြလိုက်ပုံ ယုန်လေးတစ်ကောင်ကဲ့သို့ ချစ်ဖို့ကောင်းလှသည်။ ရီဂျွန်ချန်းက ဖြားယောင်းခံရပြီး သူမဆံပင်လေးကို ပွတ်သပ်မိလုနီးပါး ဖြစ်ခဲ့တယ်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now