Chapter 31

374 46 0
                                    

အဖြေလွှာ ​စာရွက်ပေါ်က နာမည်က ရှန်ယန်။ သူမရဲ့ယန်ယန်ပဲ။

"အိုး မားမား သားပြောချင်တာ အဲ့ဒါပဲ ညီမလေးက သင်္ချာစာမေးပွဲမှာ အမှတ်ပြည့်ရခဲ့ပြီး တစ်တန်းလုံးမှာ ပထမရခဲ့တယ်လို့ သားရဲ့မိတ်ဆွေက ပြောပြခဲ့တာလေ"

ရှန်ယွီရှီးသည် နောက်ဆုံးမှာ အသက်ရူပေါက်ကိုတွေ့သွားသလိုမျိုး တရစစ်ပြောပြလိုက်တယ်။

ခန်း​ဝေကျန်းက စိတ်အားထက်သန်စွာဖြင် သူ့နဖူးကို ရိုက်ချလိုက်ပြီး

"ဒီလို သတင်းကောင်းကို နင်ဘာလို့စောစောက မပြောခဲ့တာလဲ"

"မားမားပဲ သားကို ပါးစပ်ပိတ်ထားဖို့​ ပြောပြီးတော့..." ရှန်ယွီရှီးက စိတ်ထိခိုက်သွားတယ်။

ခန်း​​ဝေကျန်း အာစေးမိနေတယ်။

သူမသည် စာရွက်ကို စိုက်ကြည့်ရင်း မျက်လုံးများက ပြူးကျယ်ကာ မျက်နှာက တောင့်တင်းသွားကာ မယုံကြည်နိုင်စွာဖြင့် သူမကိုယ်သူမပြန်ပြောနေတယ်။

"ဒါက အမှန်ပဲလား။ ငါအိပ်မက်မက်​နေတာတော့ မဟုတ်ဘူးမလား"

"အင်း အဲဒါအမှန်ပါ" ရှန်ယန်က လက်ဖက်ရည်ကို တငုံစာ​သောက်လိုက်ရင်း ဘာမှမထူးခြားဟန်ဖြင့်ပြောလိုက်သည်။

ရှန်ယွီရှီးသည်လည်း လည်ပင်း ကျိုးလုမတတ် ခေါင်းညိတ်လိုက်သည်။

"ယန်ယန် စာမေးပွဲမှာ ဒီလောက်​မြင့်တဲ့ရမှတ်ကို သမီးဘယ်လိုရခဲ့တာလဲ"

ခန်း​ဝေကျန်းသည် ထိတ်လန့်သွားမှုမှ ပြန်လည်သက်သာလာပြီး ရှန်းယန်ကိုကြည့်လိုက်တယ်။ သံမဏိလေဒီသည် စိတ်လှုပ်ရှားမှုကြေယင့် ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်သည်။

"သမီးက ကျောင်းစာအုပ်ကို ဖတ်ပြီး ရံဖန်ရံခါ လေ့လာခဲ့တာ"

ရှန်ယန်က ပေါးပါးစွာ ပြောရင်း ထို့နောက် အသားပေးကာ ထပ်ပြောလိုက်သည်။

"သမီးက ပိုင်လွမ်ရွာမှာ​နေပေမဲ့ အင်တာနက်ကနေ စာအုပ်မျိုးစုံကို ဝယ်လို့ရတယ်လေ အဖွားကလည်း သမီးအတွက် စာအုပ်တွေဝယ်​ပေးဖို့ အရမ်းဆန္ဒရှိခဲ့တာ"

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now