Chapter 24

309 37 1
                                    


"ဒါပေမယ့် ငါတို့နောက်ကျသွားလိမ့်မယ်" ​လော့ရှုက သူမ၏နာရီကိုကြည့်ရင်း ရေရွတ်လိုက်သည်။

ရှန်ယွဲ့က ပြုံးပြီး သူ့မျက်လုံးတွေက အနည်းငယ် စိတ်​ကြီးဝင်​နေတယ်။

"လော့ရှု နင်အရင်သွားနှင့်လိုက်လေ ငါခဏနေမှ လာခဲ့မယ်"

အဲလိုပြောပြီး သူမက​​ပြိုင်ကားဆီကို လျှောက်သွားတယ်။

​လော့ရှုက ရှန်ယွဲ့ရဲ့ အနောက်ကနေ လှမ်းအော်ပြောလိုက်တယ်။

"အစ်ကို ယွီရှီးနဲ့တွေ့လို့ အတန်းနောက်ကျသွားမယ်ဆိုရင်တောင် ငါပထမတစ်ခုကိုပဲရွေးမှာ"

သူမသည် ရှန်ယွဲ့ကို အမြန်ဆွဲလိုက်သည်။ ရှန်ယွဲ့သည် သူမနှင့်ဘေးချင်းကပ် လျှောက်ရင်း ခေါင်းကိုအားကိုးရာမဲ့ ခါယမ်းပြီး အနည်းငယ် ဘဝင်ခိုက်စွာပြောလိုက်သည်။

"ငါ့အစ်ကို့ကိုတွေ့ရင် စကားကိုကောင်းကောင်းပြောနော်"

"ငါသိပါတယ်"

လော့ရှုသည် ရှန်ယွီရှီးကို အလွန်ကြိုက်နှစ်သက် သည်။ ရှန်ယွဲ့မှတစ်ဆင့် ရှန်ယွီရှီးကိုတွေ့ခွင့်ရရန်အတွက် သူမ လိုက်နာရမည်ဖြစ်သည်။

အဲ့အချိန်မှာပဲ ကားကရပ်သွားပြီးနောက် ရှန်ယွီရှီးထွက်လာခဲ့သည်။

ရှန်ယွဲ့က သူဆီသို့ လျှောက်လာရင်း သူ့အားအော်ခေါ်လိုက်သည်။

"တတိယ အကို"

ရှန်ယွီရှီးသည် ရှန်ယွဲ့ခေါ်တာကိုမကြားလိုက်ဘဲ ကားရဲ့ တဖက်ခြမ်းဆီသို့သွားကာ ကားရှေ့မှာထိုင်နေသောသူအတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။

ထိုအချိန်မှ ရှန်ယွဲ့နှင့် ​လော့ရှုတို့သည် တစ်ခုခုမှားနေပြီဆိုတာကို သိလာကြသည်။ အဲဒီ​ရှေ့ခုံမှာ ဘယ်သူထိုင်​နေတာလဲ။ အစ်ကိုယွီရှီးက အဲ့တစ်​ယောက်​ကို ဘာလို့ အလွန်အာရုံစိုက် နေရတာလဲ။

သူတို့ နှစ်ယောက်အပြင် ကျောင်းဂိတ်က ကျောင်းသား တော်တော်များများက အဲ့ဘက်ကို လှည့်​ကြည့်လာ​ကြသည် ။

ရှန်ယွီရှီးဟာ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက အတန်းပြီးခဲ့ပေမယ့်လည်း လူတော်တော်များများက သူ့ကိုမှတ်မိ​နေ​ဆဲ​ဖြစ်သည်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Where stories live. Discover now