Chapter 18

282 33 0
                                    


ရှန်ယန် အပေါ်ထပ်သို့ မတက်ခင်အထိ ခန်း​ဝေကျန်းသည် ထိတ်လန့်စွာ တုန်လှုပ်နေပြီး သူမမြင်ခဲ့သောအရာကို မယုံနိုင်ဖြစ်​နေခဲ့သည်။ ရီဂျွန်ချန်းက သူမကို ပြုံးပြပြီး နို့လက်ဖက်ရည်ရနံ့ သင်းပျံ့နေဆဲ ခွက်ကို ကမ်းပေးလိုက်သည်။

"အန်တီ။"

"အိုး...ကျေးဇူး...ပါ" ခန်း​ဝေကျန်းသည် သူ့ကိုကြည့်ကာ လက်ဖက်ရည်သောက်ရန် စိတ်မပါတော့ပေ။

ရှန်ယန်ထွက်သွားကတည်းက ရီဂျွန်ချန်းလည်း ​ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူမ​ပြန်ခင်မှာ ယဥ်ကျေးစွာပြောခဲ့သေးသည်။

"အန်တီ အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ နောက်ကျရင်လည်း ကျွန်​တော် ရှန်ယန်ဆီကို လာလည်လို့ရနိုင်မလား"

ခန်း​ဝေကျန်း၏နှုတ်ခမ်းများက အနည်းငယ်တုန်ခါသွားပြီး သူမ မည်သို့ဖြေရမည်ကို မသိခဲ့ပေ။

ရိဂျွန်ချန်း၏ ကြည်လင်သော မျက်လုံးများသည် အလွန်ရိုးသားသောပုံပေါက်သည်။

"ယန်ယန်က အိမ်ပြန်ရောက်တာ မကြာသေးတော့ သူ့မကပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ခက်နိုင်တယ်။ ကျွန်တော်က သူမကိုသိတာကြာပြီဆိုတော့ ကျွန်​တော်ကိုကူညီနိုင်​လောက်မယ် ထင်တယ်"

"...ကောင်းပြီလေ" ခန်းဝေကျန်းက မငြင်းနိုင်တော့ပေ။

ရှန်မိသားစုအိမ်မှ ထွက်လာတော့ ရီဂျွန်ချန်း၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်က ရီဂျွန်ချန်း၏ ပခုံးပေါ်တွင် အင်္ကျီတစ်ထည်ကို တင်​ပေးလိုက်ပြီး "သခင်လေး..." ဟု အ​ပြုံးများဖြင့် ​ခေါ်လိုက်သည်။

အင်္ကျီက သူ့ပုံပန်းသဏ္ဍာန်ကို ကောင်းကောင်းပေါ်လွင်စေသည်။ ရှည်လျားသောခြေတံရှည်နှင့် ချောမောသောမျက်နှာသည် သူ့ကို anime ဇာတ်ကောင်တစ်ခုလို ဖြစ်စေသည်။

ရီဂျွန်ချန်းသည် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး သူ့ကို စိုက်ကြည့်နေသည်။ သူ့အသံကို လျှော့လိုက်​ပြီး ပြောလိုက်သည်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Wo Geschichten leben. Entdecke jetzt