Chapter 14

277 31 0
                                    


အတန်းမတူသော်လည်း ကျောင်းအတူတူတက်နေသရွေ့ ရှန်ယန်၏ လွှမ်းမိုးမှုကို သူမခံစားမိ​နေဆဲပင်။

ရှန်ယွဲ့စိတ်ရှုပ်နေတာကို သတိပြုမိပြီး ဟန်ကျင်းယွီက မျက်ခုံးပင့်လိုက်ကာ စားပွဲပေါ် ညင်သာစွာ ခေါက်လိုက်တယ်။

ခဏလောက်ကြာတော့ ရှန်ယွဲ့က သူရှန်ယန်ကို ကြည့်လိုက်မိမှာကြောက်မိပေမဲ့ နောက်ကျသွားခဲ့လေသည်....

ဟန်ကျင်းယွီသည် ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်သည်။

ရှန်ယွဲ့က သူ့ကို ​ငေးကြည့်ရင်း ပျာယာခတ်​နေသည်။

တခဏအတွင်းမှာပင် ဟန်ကျင်းယွီ၏ မျက်လုံးများလင်းလက်လာသည်။ တကယ်တော့ ဒီလိုမျိုး လှပတဲ့ မိန်းကလေးမျိုးက ရှားပါးတယ်။ သူမြင်ဖူးသမျှထဲမှာသူမက အလှပဆုံးမိန်းကလေးတစ်ယောက်ဖြစ်သည်။

သို့သော် ခဏအကြာတွင် ဟန်ကျင်းယွီသည် သူ့မျက်နှာတွင်ဘာအမူအရာမှ မပြဘဲ အကြည့်လွှဲလိုက်သည်။

"အိုးးမိုင်ဂေါ့ နတ်ဘုရားဟန်ကတော့ တကယ်ကိုနတ်ဘုရားဟန်ပါပဲ ဒီလိုမျိုး လှပတဲ့မိန်းကလေး တစ်ယောက်အရှေ့မှာတောင် သူကတည်ငြိမ်နေဆဲပဲ""

"ဟုတ်တာပေါ့ သူက မင်းလိုမျိုး အပေါ်ယံလောက်သာကြည့်တတ်တဲ့သူ မဟုတ်ဘူး"

"ငါက အပေါ် ယံကြည့်တာဟုတ်လား ခုနတုန်းက အဲ့ကောင်မလေးကို မင်းပဲ အကြာကြီးစိုက်ကြည့်လွန်းလို့ မင်းမျက်လုံးတွေက ပြူးထွက်မလိုဖြစ်နေတာလေ"

ရှန်ယွဲ့​သည် ဟန်ကျင်းယွီ၏ တုံ့ပြန်မှုကို မြင်ရတော့ စိတ်သက်သာရာရပြီး အနည်းငယ် ကျေနပ်သွားသည်။

ကံကောင်းထောက်မစွာ ဟန်ကျင်းယွီသည် အပေါ်ယံသာ​ကြည့်တတ်​သောလူ မဟုတ်ပေ။ သူက အလှပန်းအိုလို မိန်းကလေးတစ်ယောက်အစား အဆင့်အတန်းကောင်းကောင်းနှင့် ထက်မြတ်သောမိန်းကလေးသာ သဘောကျသူဖြစ်သည်။

*

ချန်လန်က ရှန်လန်ကို အတန်းခုနှစ်ထဲကို ခေါ်သွားတော့ ကျောင်းသားတွေက ခုနကလိုပဲ တုံ့ပြန်ကြပြီး အချို့က အတင်းအဖျင်းပြောကြပြီး တစ်ချို့က ထိတ်လန့်တကြား အော်ဟစ်ကြပါတယ်။

Bigshot ပြန်လည်မွေးဖွားပြီးနောက် ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ် (MM-tran)Dove le storie prendono vita. Scoprilo ora