ပြုံးရောင်ဟပ်မျက်ဝန်း ၁၂၂

0 0 0
                                    

Smile reflection eye (P 122)
(ပြုံးရောင်ဟပ်မျက်ဝန်း)

kit//
ကျွန်တော်တို့ ကျောင်းတွေတက်ရင်း စာမေးပွဲတွေ အခါခါ ဖြေလာလိုက်တာ တစ်နှစ်ပီးလို့ တစ်နှစ် ကုန်ဆုံးသွားသည်​။ p'sing က ဘွဲ့ယူပီး par တို့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေသည်။ ကျွန်တော်တို့ ၃ ယောက်ကတော့ final year ကို တက်ရောက်နေသည်။ p' မိဘတွေက p' ကို ကားဝယ်ပေးထားတော့ p' က ကျွန်တော်တို့ကိုကျောင်းအသွားအပြန် အကြိုအပို့လုပ်ပေးသည်။

oaujun တို့ကို လှည့်ပို့ပေးပီး ကျွန်တော်တို့ အိမ်သို့ ပြန်ခဲ့ကြသည်။ တစ်ခါတလေ အိမ်ကို မပြန်သေးပဲ p'မိဘတွေ အိမ်ကို ဝင်ပီး အနားယူ စားသောက်ပီးမှ ပြန်လေ့ရှိသည်။ ကျွန်တော့် par အိမ်မှာ ရှိတဲ့ အချိန်ဆိုရင် p' အိမ်မှာလည်း ကျောင်းပိတ်ရက်တွေ သွားနေတတ်သည်။ par သငေ်္ဘာပြန်တက်ရင်တော့ ညမအိပ်ပဲ အလည်သက်သက်သာ သွားလာတတ်သည်။ ကျွန်တော်တို့ တစ်နေ့ p' မိဘအိမ်ကို ဝင်တော့ mom က ဧည့်ခန်းတွင်
TV ကြည့်နေရင်း ကျွန်တော်တို့ ဝင်သွားတာကို တွေ့လို့ ထလာပီး

''သားတို့လာ ဒီနေ့တော့ ထမင်းစားသွားကြနော်''

p' က
''ဟုတ်ကဲ့ mom''

p' က ပြောပီး ဧည့်ခန်းတွင် ဝင်ထိုင်သည်။ ကျွန်တော်လည်း ဝင်ထိုင်လိုက်သည်။ mom က

''နားဦး mom ထမင်းပွဲပြင်လိုက်မယ်''

''ဟုတ်''

ကျွန်တော်တို့ ပြိုင်တူပြောလိုက်သည်။ ပီးတော့ mom က ပြင်ပီးတော့ ကျွန်တော်တို့ကို လှမ်းခေါ်သည်။ ပီးတော့ oaujun ကိုပါ အပေါ်ကြည့်ပီး လှမ်းခေါ်လိုက်သည်။ par နဲ့ p'jane ကတော့ အလုပ်ကပြန်မလာသေးပေ။ oaujun မိဘတွေက အပြင်ထွက်သွားလို့ အိမ်မှာ မရှိပေ။ ကျွန်တော်တို့လည်း mom ခေါ်လို့ ဝင်သွားပီး စားလိုက်ကြသည်။ ခဏနေတော့ ကျွန်တော်တို့ စားပီးတော့ ဧည့်ခန်းတွင် သစ်သီးထိုင်စားနေလိုက်သည်။ ဒါကို mom က

''kit သားတို့ oaujun တို့က ဒီနှစ်နောက်ဆုံးနော်''

''ဟုတ်''

''သားတို့ ဒီလိုပဲ ဆက်သွားကြမှာလား''

''အမ်း''

''အော် sing နဲ့ သားနဲ့က စိတ်မပြောင်းတော့ဘူးလား အရင်တိုင်းပဲ ဆက်နေကြမှာလားလို့ မေးကြည့်တာပါ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now