ပြုံးရောင်ဟပ်မျက်ဝန်း ၁၁၆

2 0 0
                                    

Smile reflection eye (P 116)
(ပြုံးရောင်ဟပ်မျက်ဝန်း)

''ကျွန်တော်တို့ကို ခွဲရင် ဘယ်လိုလုပ်မလဲ''

''ခွဲရင် ကိုယ်ရအောင်ပြန်ခေါ်မှာပဲ''

''p' နော် အတွေးက လက်တွေ့လောက်မလွယ်ဘူးနော် ကျွန်တော် ကြောက်တယ်''

''အင်း စဉ်းစားတာပေါ့''

''အင်း''

kit//
ကျွန်တော်တို့ အဆောင်ပြန်ခဲ့ကြသည်။ အဆောင်ရောက်တော့ p'sing က ရေချိုးပီး ကျွန်တော်ရေဝင်ချိုးဖို့လုပ်တော့ p'sing က

''ကိုယ် ထမင်း သွားဝယ်မလို့ မင်း ဘာစားမလဲ''

''အဆင်ပြေတာဝယ်ခဲ့ပါ ရတယ်''

''အင်း''

ကျွန်တော် ပြောပီး ရေချိုးခန်းထဲဝင်လိုက်သည်။ ခဏကြာတော့ ကျွန်တော်ပြန်ထွက်လာသည်။ p'sing က မရောက်သေးပေ။ ကျွန်တော် ဝရံတာကနေ ကြည့်နေလိုက်သည်။ သူက အထုတ်ဆွဲပီး လာနေတာ တွေ့လိုက်သည်။ ပီးတော့ p' က သိပ်မကြာပါ အပေါ်သို့ ရောက်လာသည်။ ကျွန်တော်လည်း အခန်းထဲပြန်ဝင်လာသည်။ သူ ဝင်လာပီး ပြင်ဆင်ကာ စားလိုက်ကြသည်။ ကျွန်တော်တို့ စားပီး ရှင်းလင်းလိုက်သည်။

sing//
ကျွန်တော်တို့လည်း mom ပေးတဲ့ ဟင်းနဲ့ မစားတတ်မှာစိုး၍ အောက်က ထပ်ဝယ်လာခဲ့သည်။  mom ပေးတာရော ဝယ်လာသော ထမင်းဟင်းတွေနဲ့ စားလိုက်ကြသည်။ ပီးတော့ ရှင်းလငး်ပီး ပန်းကန်ဆေးဖို့လုပ်တော့ ကျွန်တော့်ဖုန်း မြည်လာသည်။ ဒါနဲ့ ကျွန်တော်က လက်ဆေးပီး လက်သုတ်လိုက်သည်။ ပီးတော့ ဖုန်းကိုထုတ်လိုက်တော့ fait ဖြစ်နေသည်။ သူက

''ကျွန်တော်ဆက်လုပ်မယ်''

ဆိုပီး ဝင်ဆေးသည်။ ကျွန်တော်လည်း သူ့ဘေးတွင်ရပ်ကာ ဖုန်းဖြေလိုက်သည်။

''fait''

''p' ... တောင်းပန်ပါတယ်''

''ဘာကိုလဲ''

''kit mom နဲ့ par ကျွန်တော်တို့အိမ်ကိုထပ်လာပီး အဆက်အသွယ်ရရင် ပြောပါဆိုလို့ ကျွန်တော် မပြောပဲနေတာ အဲဒါ mom က ငိုယိုနေတော့ ကျွန်တော်လည်း mom ငိုတာကို သနားလို့ အကုန်ပြောပြလိုက်တယ်''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now