ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၆

3 0 0
                                    

Smile reflection eye (p 16)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ကျွန်တော်တို့ ညနေ ကျောင်းပြန်ချိန်ရောက်တော့ ကျွန်တော်တို့ အတန်းအပြင်ထွက်လာခဲ့ကြသည်။ အပြင်တွင် ထုံးစံအတိုင်း p'sing ရပ်နေသည်။ ပီးတော့ ကျွန်တော်တို့ ခပ်လှမ်းလှမ်း ရှေ့တွင် oaujun က သူ့သူငယ်ချင်းနဲ့ စကားပြောပီး ထွက်သွားတာ တွေ့လိုက်သည်။

ဒါနဲ့ p'sing သူ့ nong ကို လှည့်ကြည့်ပီး ရပ်မစောင့်ပဲ လှည့်ထွက်ကာ တဖြည်းဖြည်းလျှောက်နေသည်။ oaujun က သူ့ အနားရောက်တော့မှ သူ့ nong ကို လှည့်ကြည့်ပီး ခြေလှမ်းကို ပုံမှန်ပြန်လျှောက်ကာ ထွက်သွားသည်။ ကျွန်တော်ကတော့ နောက်ကနေသာ ကြည့်ပီး ကျန်ခဲ့ရသည်။ ကျွန်တော် သူတို့ကို ကြည့်နေတုံး fait က

''kit... kit... ဟာ ဟေ့ကောင်''

''ဟင်း''

''ဘာတွေ စဉ်းစားနေတာလဲ''

''မဟုတ်ပါဘူး''

''မနက်ဖြန် ဓာတ်ပုံသွားရိုက်ရင် ငါတို့ လိုက်ပေးမယ် မင်းကြောင်တောင်တောင် ဖြစ်နေမှာ စိုးလို့''

''အေး ကောင်းတာပေါ့ ကျေးဇူးပဲ''

ဒါနဲ့ ကျွန်တော်တို့ ခပ်​လှမ်​းလှမ်​းက​နေ သူတို့​နောက်​ကလိုက်​လာခဲ့သည်​။ သူတို့ ညီအစ်​ကို​နဲ့ ​ကောင်​​လေးတစ်​​ယောက်​က စကား​ပြောကာ ထွက်​သွားကြသည်​။

sing//
ကျွန်တော်တို့ ညနေရောက်တော့ အတန်းဆင်းကြသည်။ oaujun ကို သွားစောင့်နေလိုက်သည်။ ခဏကြာတော့ oaujun က သူ့သူငယ်ချင်းနဲ့ စကားပြောလာနေတာတွေ့သည်။ ကျွန်တော်လည်း oaujun ကို လှမ်းကြည့်နေလိုက်တော့ အနောက်က ခပ်လှမ်းလှမ်းမှာ ကိုရီးယားရူးလေးတို့ အုပ်စု လာနေတာကိုတွေ့သည်။

ကျွန်တော်လည်း မသိချင်ဟန်ဆောင်ပီး လှည့်လာကာ ဖြည်းဖြည်းချင်းလျှောက်လိုက်သည်။ oaujun က ကျွန်တော့်အနားရောက်လာတော့ ခြေလှမ်းကို မြန်လိုက်သည်။ ကျွန်တော် ရပ်စောင့်နေရင် သူတို့ကို နှုတ်ဆက်နေရမှာစိုးလို့ အမှန်တော့ မခေါ်ချင်၍ မဟုတ်ပါ သူက ကျွန်တော့်ကို မခေါ်ချင်ပဲ အားနာပီး ခေါ်နေရမှာ စိုး၍ ဖြစ်သည်။ ကျွန်တော်လည်း သူနဲ့ရင်းနှီးအောင်ဘယ်လိုလုပ်ရမလဲ စဉ်းစားမရပေ။ ကျွန်တော့်ဘေးတွင် oaujun က သူ့သူငယ်ချင်းကို

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now