ပြုံးရောင်ဟပ်မျက်ဝန်း ၁၁၅

3 2 0
                                    

Smile reflection eye (P 115)
(ပြုံးရောင်ဟပ်မျက်ဝန်း)

sing//
ကျွန်တော် သူ့ကိုဖက်ပီး အိပ်လိုက်တာ မနက်မိုးလင်းတော့ ၇ နာရီထိုးနေပီ ဒါနဲ့ ကျွန်တော် ထပီး ရေချိုးလိုက်သည်။ ရေချိုးပီးထွက်လာတော့ သူက မနိုးသေးပေ။ ဒါနဲ့ အိပ်နေတဲ့ သူ့နှာခေါင်းလေးကို ဆွဲလိုက်ပီး

''အိပ်ပုတ်လေး ထတော့ ကျောင်းသွားရမယ်''

''အွန်း''

''ထကြာ''

kit//
ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်နေတာကို နှာခေါင်းဆွဲခြင်းခံလိုက်ရ၍ နိုးသွားသည်။ မျက်လုံးလေး မပွင့်တပွင့်နဲ့ ဖွင့်ကြည့်လိုက်တော့ p' ရဲ့မျက်နှာက ကျွန်တော့်ကို အုပ်မိုး၍ ကြည့်နေသည်။ ကျွန်တော် လက်နှစ်ဖက်မြောက်ပီး အပျင်းဆန့်လိုက်တော့ သူက
ကျွန်တော့်လက်လေးကို ဆွဲပီး ထခိုင်းသည်။ ဒါနဲ့ ကျွန်တော် သူ့လက်ကို အားပြုဆွဲပီး ထလိုက်သည်။
သူက ပြုံးလိုက်ပီး

''ထနိုင်လား ပွေ့ချီရမလား''

''နိုင်လည်း မနိုင်ပဲ''

''နိုင်ပါတယ် လာချီပြမယ်''

''အား မလုပ်နဲ့''

သူက ကုန်းထပီး ကိုယ်ကိုဖက်ကာ ခြေထောက်အောက်လက်ထည့်ပီး မမယ်အလုပ်မှာ တားလိုက်သည်။ ပီးတော့ ကျွန်တော် ထပီး ရေချိုးခန်းထဲဝင်လိုက်သည်။ သူက ပြုံးရင်း လိုက်ကြည့်နေသည်။

sing//
ကျွန်တော် ပွေ့ချီမယ်လုပ်တော့ သူက တွန်းပီး ရေချိုးခန်းထဲဝင်သွားသည်။ ကျွန်တော်လည်း ပြုံးရင်း ကြည့်နေလိုက်သည်။ ပီးတော့ ညက ညစာသွားဝယ်ရင်းနဲ့ ကျောင်းတတ်ရမှာဆိုတော့ မနက်စာပါ တစ်ခါတည်း ဝယ်လာခဲ့တာကြောင့် အခုစားဖို့ ပြန်နွေးလိုက်သည်။ ခဏနေတော့ သူကထွက်လာသည်။ အဝတ်စားပါ ဝတ်ပီးနေပီ။ ဒါန့ဲ ကျွန်တော်က

''လာ စားလိုက်ဦး''

''p' က အကုန်လုပ်တတ်တယ်နော်''

''ဘာလို့လဲ''

''ကျောင်းမှာလဲ ကျောင်းကိစ္စ အိမ်မှာလည်း အိမ်မှုကိစ္စ လုပ်တာတွေက အကွက်ကို စိနေတာပဲ''

''ဘာလဲ ကြွေသွားပီလား''

''ဟင်း ဟင်း အသားယူသေးတယ်''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now