ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၂

2 2 0
                                    

Smile reflection eye (P 92)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော်တို့လည်း စားသောက်ပီး ဧည့်ခန်းတွင် ခဏထိုင်ရင်း TV ကြည့်နေလိုက်သည်။ ပီးတော့ ကျွန်တော် အပေါ် ပြန်တက်လာခဲ့သည်။ အခန်းထဲဝင်တော့ ခုံပေါ်တွင် ဖုန်းကို တွေ့တော့ ကျွန်တော် kit ဆီ ဖုန်းဆက်ဖို့ သတိရသွားသည်။ ကျွန်တော် ဖုန်းဆက်လိုက်သည်။ တစ်ဖက်မှ သူက

''p'...''

''ချစ် ကိုယ့်ကို လွမ်းနေပီလား''

''လွမ်းတာပေါ့''

''ဟုတ်လို့လား''

''တကယ်''

''အင်း... စားပီးပီလား''

''ပီးပီ''

''အခုဘာလုပ်နေလဲ''

''စာလုပ်နေတာ''

''အော် ဟုတ်လား ဒါဆို ဒါပဲလေ စာဆက်လုပ်လိုက်နော်''

''အင်း... အော် p'..''

''ဟင်''

''ကျွန်တော် mom ကို ပြောလိုက်တယ် ''

''ဘာပြောလိုက်တာလဲ''

''p' ကျွန်တော်တို့အိမ်မှာ လာအိပ်လို့ရအောင်''

''ဟုတ်လား mom က ဘာပြောလဲ''

''လာအိပ်လို့ရတယ်တဲ့''

''ဖြစ်ပါ့မလားကွာ ကိုယ်တို့အကြောင်းသိရင် မလွယ်ဘူးနော်''

''p' မအိပ်ချင်ဘူးမလား ဘာမှ မဟုတ်တော့ဘူး ဒါပဲ''

''ချစ်''

''...''

''ဟာ ချစ်''

kit//
သူခေါ်နေပေမဲ့ ကျွန်တော်  ဖုန်းချလိုက်သည်။ မေးရက်လိုက်တာ လွမ်းနေလားတဲ့ လွမ်းတာတော့ ပြောမနေနဲ့ သူ့ကို ချစ်မိတယ်ဆိုတည်းကိုက လွမ်းနေခဲ့ရတာ သူမှ မသိတာ ပီးတော့  ကျွန်တော်က အရဲစွန့်ပီး ပြောထားရတာကို သူက မအိပ်ချင်လို့ နေမှာပေါ့ ကျွန်တော်လည်း ဆက်မပြောချင်လို့ ဖုန်းချလိုက်သည်။  ပီးတော့ ကျွန်တော် စာဆက်လုပ်နေလိုက်သည်။ စာပီးတော့ ကျွန်တော်လည်း ကုတင်ပေါ်တွင် ဂိမ်းဆော့နေလိုက်သည်။ အိပ်ချိန်ရောက်တော့ အိပ်လိုက်သည်။

sing//
ကျွန်တော်လည်း သူနဲ့ ဖုန်းပြောနေရင်း သူက ဖုန်းပိတ်သွားတော့ ကျွန်တော်လည်း ဖုန်းကို စားပွဲပေါ်တင်ပီး ကုတင်ပေါ်တွင် လှဲနေလိုက်သည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now