ပြုံးရောင်ဟပ်မျက်ဝန်း ၁၂၁

0 0 0
                                    

Smile reflection eye (P 121)
(ပြုံးရောင်ဟပ်မျက်ဝန်း)

sing//
mom နဲ့ par က စနောက်နေတာကို ကျွန်တော်လည်း သူ့ကိုကြည့်ပီး ပြုံးနေမိသည်။ ပီးတော့ mom က

''အော် သားတို့ မနေ့က အိမ်ရှေ့စားပွဲပေါ်မှာ အထုတ်တစ်ထုတ်ထဲမှာ ဘူးတွေတွေ့တယ် ဘူးထဲမှာလည်းဟင်းတွေနဲ့''

ကျွန်တော်က
''အော အဲ့ဒါ ကျွန်တော်တို့အဆောင်မှာ နေလို့ mom က ထည့်ပေးထားတာ''

''အော် အေး အေး mom သိမ်းပေးထားတယ် ယူစားနော်​''

''ဟုတ်''

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ နောက်တော့ ကျွန်တော်တို့လည်း par လိုက်ပို့၍ ကျောင်းသို့ ထွက်လာခဲ့သည်။ ကျောင်းရောက်တော့
par ကို နှုတ်ဆက်ပီး ကျောင်းသို့ ဝင်လာခဲ့သည်။ kit ကို အတန်းထဲထိလိုက်ပို့ပီး ကျွန်တော့်အတန်းသို့ လာခဲ့သည်။

သူငယ်ချင်းတွေကို ကျွန်တော်တို့အကြောင်း ပြောပြလိုက်တော့ အကုန်လုံး အံ့သြ ဝမ်းသာကုန်ကြသည်။ ပီးတော့ ကျွန်တော်တို့ တစ်နေကုန်အတန်းတက်ပီး kit ကို သွားခေါ်လိုက်သည်။ အရင်ကတော့ oaujun ကို ခေါ်တာပေါ့ အခုတော့ kit ဖြစ်နေသည်။ oaujun တို့နဲ့အတူ ပြန်ခဲ့ကြသည်။ အပြန်လမ်းကားပေါ်မှာ ကျွန်တော်က

''oaujun နောက်နေ့ မနက် ငါတို့ကို ဝင်ခေါ်ဦးနော်''

''ဟုတ် par လိုက်ပို့တယ်ဆို''

''အာ နေ့တိုင်းဆိုတော့ အားနာလို့ပါ''

''အင်း''

fait က ရယ်သံနဲ့

''oaujun ရေ အခုတော့ တစ်ယောက်တည်းဝင်ခေါ်ရမှာ မဟုတ်တော့ဘူး နှစ်ယောက်ကိုခေါ်ရမှာ နော်''

oaujun ကပါ ရယ်ရင်း

''အေး ဟုတ်ပါ့ ဟား ဟား''

kit က မျက်စောင်းထိုးပီးတော့
''မနာလိုမဖြစ်ပါနဲ့ ဟင်း ဟင်း''

ကျွန်တော်က
''အေ့လေ ဟင်း ဟင်း''

fait က အရှေ့ကဝင်ထိုင်တော့ kit ရယ် ကျွန်တော်ရယ် oaujun ရယ် အနောက်မှာထိုင်သည်​။ kit က ပြောပီး ကျွန်တော့်ပခုံးကို ပါးလေးအပ်ကာ ရယ်လိုက်သည်။ ကျွန်တော်လည်း ထောက်ခံပြောပီး ရယ်လိုက်သည်။ သူတို့ပါ လိုက်ရယ်ကြသည်။ ပီးတော့ ကျွန်တော်တို့လည်း အိမ်သို့ ဆင်းလာခဲ့သည်။ သူတို့ ဆက်ထွက်သွားကြသည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now