ပြုံး​ေ​ရာင်ဟပ်​မျက်​ဝန်​း ၁၁၂

1 1 0
                                    

Smile reflection eye (P 112)
(ပြုံး​ေ​ရာင်ဟပ်​မျက်​ဝန်​း)

''အိပ်ပုတ်လေး ထ ရေချိုး ကိုယ်မနက်စာပြင်ထားတယ်''

''အွန်း''

kit//
ကျွန်တော်က အိပ်ရာနိုးတော့ ဘေးတွင် p'sing ကို မတွေ့တာနဲ့ အခန်းတစ်ခန်းလုံးကို လိုက်လံကြည့်လိုက်သည်။ စားပွဲခုံနားမှာ မတ်တတ်လေးရပ်ပီး ပန်းကန်တွေကို ချရင်း ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော်လည်း သူ့ကိုတွေ့တော့ ပြုံးပီး ပြန်အိပ်လိုက်သည်။ ပီးတော့ နာရီလှမ်းကြည့်တော့ ၉ နာရီထိုးနေသည်။ ဒါကို p' က အနားလာပီး ပြောတော့ ကျွန်တော်လည်း မထသေးပေ။ ဒါကို p'sing က

''မထချင်သေးရင် အိပ်ဦးလေ''

''မအိပ်ပါဘူး ထမှာ''

''အင်း ဒါဆို ရေချိုးတော့''

''အင်း''

''ကျွန်တော် ဒီရောက်တော့မှ နာမည်ပေး ကင်ပွန်းတပ်တာတွေ များတယ်နော်''

''ဘာလို့လဲ''

''လူလည်လေး ခေါ်လိုက် သူခိုးလေးခေါ်လိုက် အခု အိပ်ပုတ်လေးခေါ်လိုက်နဲ့လေ''

''အဲဒါ ချစ်လို့ပေါ့''

''အွန်း''

ကျွန်တော်က ထထိုင်ရင်းပြောလိုက်တော့ သူက ကြောင်ပီး ပြန်မေးသည်။ ဒါနဲ့ ကျွန်တော်က သူခေါ်တဲ့ နာမည်တွေ ရွတ်ပြလိုက်တော့ သူက ပြုံးစိစိမျက်နှာနဲ့ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် မျက်စောင်းထိုးပြလိုက်သည်။ ပီးတော့ ကျွန်တော်လည်း ရေချိုးခန်းထဲဝင်ပီး ရေချိုးလိုက်သည်။ ခဏနေတော့ ထွက်လာသည်။ p' က နွားနို့ခွက်လေးကိုင်ပီး စားပွဲပေါ်ချလိုက်သည်။ ပီးတော့ ခုံမှာဝင်ထိုင်လိုက်သည်။ ကျွန်တော်လည်း သူ့နားလျှောက်သွားလိုက်သည်။ သူက မော့ကြည့်ပီး

''ထိုင်လေ''

''အင်း''

ကျွန်တော်ထိုင်လိုက်တော့ p'က

''ဒါတွေကြိုက်ရဲ့လားမသိဘူး ''

သူက ပန်းကန်တွေကို လက်ညှိုးထိုးပီးပြောတော့ ကျွန်တော်လည်း ကြည့်လိုက်သည်။ ပူတင်းနှစ်ပန်းကန်ရယ် ဖက်ထုပ်နှစ်ပန်းကန်ရယ်
နွားနို့ နှစ်ခွက်နဲ့ ပီးတော့ ကိတ်မုန့်ဝိုင်းလေး ငါးခုလောက်ကို ထမင်းပန်းကန်ပြား ထဲထည့်ထားသည်။ ဒါနဲ့ ကျွန်တော်က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now