ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၄၂

2 0 0
                                    

Smile reflection eye (p 42)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျောင်းပိတ်ရက် ပြည့်သွားတော့လည်း ကျောင်းကို စောစောသွားရပြန်သည်။ ဆရာ့ကို ပေးဖို့ နည်းနည်းလိုသေး၍ သွားရေးလိုက်သည်။ ပီးတော့ အတန်းပြန်လာကာ စာသင်ယူလိုက်သည်။

နေ့ခင်းထမင်းစားပီးတော့ ဆရာ့ကို သွားပေးဖို့ စောထွက်လာခဲ့သည်။ off တို့ကတော့ စားရင်း ကျန်ခဲ့သည်။ ဆရာဆီရောက်တော့ ဆရာက

''sing ဒါကို စာစီဖို့ အပ်ပေးပါလား''

''ဟုတ်ကဲ့''

''အခုတော့ မသွားနဲ့ ဦး အတန်းတက်ချိန်နီးနေပီ ညနေမှ သွားမနက်ဖြန်အေးအေးဆေးဆေးမှ ဆရာ့လာပေးလေ ''

''ဟုတ်ကဲ့''

''အေး ဆရာတို့လည်း သားကိုပဲ ခိုင်းနေရတယ် အားနာပါတယ်ကွာ ကျေးဇူးလည်းတင်ပါတယ်''

''ဟုတ်ကဲ့ ရပါတယ်ဆရာ''

''မင်းကို လုပ်ခိုင်းတာ စိတ်ချရတယ် တခြားခိုင်းလိုက်ရင် မပီးတာနဲ့ တလွှဲလုပ်လာတာနဲ့ အလုပ်ပိုရှုပ်ရော''

''ဟုတ်''

''အေးအေး သွားသွား''

''ဟုတ်ကဲ့ ဆရာ''

ကျွန်တော်လည်း ဆရာ့ အခန်းထဲမှ ထွက်လာခဲ့သည်။ ဒီနေ့လည်း တစ်ယောက်တည်းပြန်ရဦးမယ် off ကို ချောဆွဲထားဦးမှပဲ။ ကျွန်တော်လည်း အတန်းထဲပြန်လာလိုက်သည်။ ရောက်တော့ off ကို အကြိုးအကြောင်းပြောလိုက်သည်။ off က

''အေး ငါလည်း နေပေးမယ်လေ''

''အေး အေး''

''အော် မင်းကို kit တောင်မေးနေတယ်''

''ဟင် ဘာလို့လဲ''

''ချောကလာပ်ငါတို့ကို​ကျွေးလိုက်တယ် အဲဒါ မင်းကို ပေးဖို့နေမှာပေါ့''

''အော် မနက်ဖြန်မှလေ valentine က''

''ကြိုကျွေးတာနေမှာပေါ့''

စားချင်ပါတယ် မင်းပေးတဲ့ ချောကလာပ်ကို ဒါပေမဲ့ ကိုယ်စားချင်တဲ့ အဓိပ္ပာယ်က တစ်မျိုးနော်။ မင်းက ကိုယ့်ကို ဘယ်ပေးမလဲ။

ကျွန်တော်တွေးနေတုံး ဆရာမလာ၍ စာသင်လိုက်သည်။ ညနေရောက်တော့ ကျောင်းဆင်းတာနဲ့ off နဲ့ ကျွန်တော် စာစီရန်ဆိုင်သွားလိုက်သည်။
oaujun တို့ကိုဖုန်းဆက်လိုက်တော့ ပြန်သွားကြသည်။ 

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Wo Geschichten leben. Entdecke jetzt