ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၄

2 0 0
                                    

Smile reflection eye (P 74)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''သွားမယ် လာ''

''အင်း''

sing//
သူက ထွက်သွားတော့ ကျွန်တော် နောက်ကလိုက်ထွက်လိုက်သည်။ သူက နောက်လှည့်ပီး ပြုံးပြရင်း ခေါင်းညိတ်ပြကာ လှေကားထစ်အတိုင်း ဆင်းသွားသည်။ ကျွန်တော်တို့  အောက်ရောက်တော့ သူတို့တွေက par နဲ့ mom နဲ့ အတူတူ ခုံမှာ ထိုင်ပီး စကားပြောနေကြသည်။ ကျွန်တော်တို့  ဆင်းတော့ mari နဲ့ jan က ထိုင်နေရာမှ မျက်စောင်းထိုးပြသည်။ ကျွန်တော်တို့လည်း ပြုံးနေလိုက်သည်။ ပီးတော့ ကျွန်တော်တို့တွေ ဝင်ထိုင်တော့ mom က

''အိမ်ပေါ်ကနေ mom တို့ အိမ်ပတ်ဝန်းကျင်ကို လေ့လာနေတယ်ဆို ဘယ်လိုလဲ''

mom ကအဲလိုပြောလိုက်တော့ ကျွန်တော်သိလိုက်သည်။ သူတို့က kit စတာကို တစ်မျိုးထင်ပီး လိမ်ပေးထားတယ်ဆိုတာ ဒါနဲ့ ကျွန်တော်က

''ဟုတ်ကဲ့ အေးအေးချမ်းချမ်းရှိပီး နေလို့ကောင်းတယ်နော်''

''နေလို့ကောင်းတယ်ဆိုရင် နေလို့ရတယ်နော် mom တို့က လူနည်းတော့ ဧည့်သည်မျှော်တယ် welcome ပဲ ''

''ဟုတ်ကဲ့''

''ဟင်း ဟင်း''

mom ပြောတာကို fait တို့က ရယ်တဲ့သူန့ဲ ပြုံးစိစိလုပ်တဲ့သူနဲ့ ပီးတော့ kit ကကျွန်တော့်ကို ကြည့်ရင်း ပြုံးနေပီး

''mom က ခေါ်နော် ဟိုက တကယ်လာရင်ရော''

''လာပေါ့ ဘာဖြစ်လဲ''

kit//
ကျွန်တော်က တမင်နောက်ပီး မေးလိုက်တော့ mom ရဲ့ အဖြေကြောင့် p'sing က ကျွန်တော့်ကို မျက်ခုံးပင့်ပြသည်။ ကျွန်တော်လည်း ရယ်နေလိုက်သည်။ ဒါကို jan က

''mom လက်မခံနဲ့နော် အန္တရာယ်ရှိတယ်''

mom က ရယ်​​နေရင်​း အံ့သြ​နေတဲ့ပုံနဲ့

''ဟုတ်လား''

p'sing က
''မဟုတ်ပါဘူး''

ကျွန်တော်က
''အလကား mom သူတို့ မနာလိုဖြစ်နေတာ''

''ဟယ် သားကလည်း''

jan က
''အေး နော် အေး ပြောထား''

''ဟင်း ဟင်း''

ကျွန်တော်တို့ စကားပြောနေကြသည်။ နောက် တစ်နာရီလောက်ကျတော့ သူတို့တွေလည်း ပြန်ဖို့နှုတ်ဆက်တော့
par က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now