အပိုင်း (99)

6K 106 2
                                    

အပိုင်း (99)

နောက်တော့ Lord က ပြောရတော့သည်။

"ဘေဘီ...ခဏ နားထောင်ပါအုံး...."

ခွန်း က မက်တပ်ရပ်ကာ ခဏနားထောင်လိုက်သည်။

"ဘေဘီ... ကိုယ့်အတွက် အချိန်လေး သီးသန့်ပေးပါအုံး...ကိုယ်လဲ လိုအပ်တယ်လေကွာ..."

သေချာတွေးကြည့်တော့ ဟုတ်သားပဲ....

"အင်း...ပါ....ခွန်း စဥ်းစားပေးမယ်....."

"ညကြရင် ကိုယ်နဲ့ အတူ အိပ်ရအောင်...."

"အဲ့တာတော့ မရဘူး ကလေးတွေ က
ငယ်သေးတယ်...ခွန်း သီချင်းဆိုသိပ်ရမယ်"

"ဒါဆို ဘယ်တော့လဲ ဘယ်တော့မှ ကိုယ်ဘေဘီနဲ့အတူ နှစ်ယောက် ထဲ အိပ်ရမှာလဲ..."

"ကလေးတွေ နှစ်နှစ်ပြည့်တယ့်အချိန်ဆို.....အတူ
အိပ်ပါ့မယ်"

"ကိုယ်အဲ့အထိ မစောင့်နိုင်ဘူး...ကိုယ်မှာ အနား
ရှိပြီ မကြင်နာ နိုင်ဘူး....မြင်သာမြင် မကြင်ရ..."

ခွန်း က အကြံကောင်းတစ်ခု ရသွားကာ..

"ဒါဆို....ခွန်းတို့ အားလပ်ရက် နှစ်ယောက်ထဲ ခရီးထွက်ရင်ရော..အခုတော့ ကလေးတွေနဲ့ နေပါရစေ."

Lord က နည်းနည်း သဘောကျသွားပြီ။

"မဆိုးဘူး...အဲ့လိုဆိုရင်တော့..."

Lord လဲ စိတ်ဆိုးပြေလိုက်ရ၏

ဒီလိုနဲ့ အားလပ်ရပ်အတွင်းမှာ နှစ်ယောက် အတူ ခရီးသွားဖို့ ပြင်ဆင်ခဲ့သည်။

ကလေးတွေကို ကလေးထိန်းတွေဆီ အပ်ကာ
နှစ်ယောက်ထဲ ခရီးထွက်ခဲ့ကြတယ်.....

"အချစ် ဘယ်သွားကြမှာလဲ...."

"ကိုယ်တို့ သွားကြတာပေါ့...ကိုယ်
ပြင်ဆင်ထားနေရာကို....."

ဟယ်လီကော်ပါတာဖြင့်သွားသည်။

ကောင်းကင်အမြင့်ကြီးကနေ အောက်ရှူခင်းတွေ
ကြည့်ရတာ အရမ်းကိုလှသည်။

Lord က ကျွန်းစုတစ်ခုကို ဝယ်ထားတာပင်။

အဲ့ဒီကျွန်းက အရမ်းကိုလှပြီးရေတွေကလဲ
ကြည်ပြီး လှိုင်းကလဲ အသင့်တင်ရှိတယ်....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now