အပိုင်း (14)

8.9K 76 1
                                    

အပိုင်း (14)

ခွန်း က ကုတင်ပေါ်တတ်ကာ Lord ရဲ့
နောက်ကျောကို ကြည့်လိုက်ချိန် အညိုမဲကွက်တွေ အများကြီးပင်။

ဆေးကို သူမလက်ညိုးနဲ့ ယူကာ Lord ရဲ့ ကျောပေါ်ကာ ဒဏ်ရာတွေကို လိမ်းပေးသည်။

လိမ်းပေးနေရင်း သူ့ဟာသူ မျက်ရည်တွေ ကျလာပြန်သည်။

Lord က ငယ်ငယ်လေးက မင်းသားတစ်ပါး...ဆိုတော့ ဒီလိုတွေခံစားခဲ့ရမှာ မဟုတ်ဘူး...အခု ဘာမှမဟုတယ့် ငါ့ကြောင့် အရမ်းခံစားခဲ့ရမှာ။

တရှုတ်ရှုတ် ရှိုက်သံလေးကြောင့် Lord လဲ..
မျက်မှောက်ကြုံမိသွားသည်။

Lord က အနောက်ကို လှည့်ကြည့်လိုက်တော့ မျက်ရည်များစွာနှင့်ငိုနေသည့်သူမကြောင့်
Lord အ သွားသည်။

"ဟေး....မင်း..ဘာလို့ငိုနေတာလဲ "

"အဟင့်....ဟင့်....အဟီး....ဟီး..."

ပြောမှ ကလေးလို ပိုငိုလာသည်။

ငါလဲ သူ့ကို ဘာမှမလုပ်ဘဲ သူက ဘာလို့ငိုနေတာလဲ

"ဒဏ်ရာတာငါလေ....မင်းက ဘာလို့ငိုနေတာလဲ...တိတ်...ငါမချော့တတ်ဘူး"

"အဟင့်....Lord က ခွန်းကြောင့်....အဟင့်...ဟင့်....
အရမ်းနာနေပြီ...."

"ငါ...မနာပါဘူးဆို...."

"နာနေမှာပဲ.....အဟင့်...ဟင့်"

ကျိန်ဆိုကျိန်ရဲပါတယ် နဲနဲလေးတောင်မနာပါဘူး
"မနာပါဘူး...."

"Lord....Lord....ဟိုဘက်လှည့် ခွန်း ဆေးလိမ်းပေးမယ်နော်...."

Lord က ဟိုဘက်က လှည့်ကာ ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။

လုပ်ပြန်ပြီ ဆေးလိမ်းလိုက် ဖူးဆိုပြီး
မှုတ်ပေးလိုက်နှင့် မနာပါဘူးဆိုမှကွာ....

"နာနေတယ်မလား....Lord...."

"ငါအုပ်ချုပ်နေတယ့် ကမ္ဘာတစ်ခုနဲ့ တိုင်တည်တယ်...မနာဘူး..."

"အဟင့်....ဟင့်....နာနေတာပဲ...."

Game over Lord...အရှုံးပေးလိုက်တယ်။

Lord ဆက်မပြောတော့ဘူး....လုပ်ချင်ရာလုပ်တော့
...ထင်ချင်ရာထင်တော့...ငါမပြောတော့ဘူး..

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now