အပိုင်း (9)

10.9K 80 0
                                    

အပိုင်း (9)

ခွန်း က ပင်ပန်းကာ Lord ရဲ့ ရင်ခွင်ထဲ အိပ်ပျော်သွားခဲ့သည်။

မနက်လေးနာရီလောက်နိုးလာသည်။

ခွန်းမျက်လုံးလေးဖွင့်ကာ အိပ်ချင်မူးတူး ဖြင့် နှုတ်ခမ်းလေးဆူကာ Lord ရဲ့ ရင်ဘက်ကြီးကို
လက်ညိုးဖြင့်ထိုးကာ...

"ဘာကြီးလဲ.... တောင့်တောင့်တင်းတင်းကြီး"
စိတ်ထဲကနေ ယောင်ဝါးဝါးလျှောက်ပြောနေသည်။

ခေါင်းလေးနည်းနည်းမော့ကြည့်တော့ Lord ကို မြင်ရသည်။

"အော်....Lordပဲ...."

"ဟမ်....."
အိပ်ချင်တယ့်စိတ်ပါ မရှိတော့ချေ။
ချက်ချင်း Lord ရင်ခွင်ထဲက ရုန်းထွက်ကာ
ညက အဖြစ်ပျက်တွေကို ခေါင်းထဲ တန်းဆီပြီပေါ်လာသည်။

"ငါ....ငါ....ဘာတွေလုပ်မိပါလိမ့်...."

ကိုယ့်ကိုယ်ကို အပြစ်ဆိုလိုက်မိသည်။
အိပ်နေသည့် Lord ကို ကြည့်ကာ....

Lord က ချောတယ်ဆိုတာ ခွန်းငြင်းလို့မရဘူး...
အမှန်တိုင်းသာဆိုရင် ညက အခြေနေကို ခွန်းလဲ သဘောကျမိသည်။ ဒါတွေက ဦးနှောက်က အသံတွေပင်။ခွန်းသိပေမယ့် မသိချင်ယောင်ဆောင်ယလိုက်သည်။

ခွန်း အဝတ်စားတွေပြန်ဝတ်သည်။ Lord ကို နောက်ဆုံး တစ်ခါလောက်ပြန်လှည့်ကြည့်ကာ
ကုတင်အောင်ပြုတ်ကျနေသည့် စောင်ကိုယူကာ
သေချာခြုံပေးလိုက်သည်။

ပြီးတော့ ပြန်ဖို့ အခန်း အပြင်ကို ထွက်လာချိန်...
အခန်းရှေ့မှာ နံရံကိုမှီပြီး ထိုင်အိပ်လျက်စောင့်
နေသည့်
ဟိန်းထက်အောင်ကို မြင်လိုက်ရသည်။

"ကိုဟိန်း.....ကိုဟိန်း...."

လှုပ်နိုးတော့ ဟိန်းထက်အောင် နိုးလာကာ.....

ခွန်း ကို မြင်လိုက်တော့ ချက်ချင်းမက်တပ်ရပ်ကာ
ရင်ခွင်ထဲ ဆွဲဖတ်ထားလိုက်သည်။

ခွန်း ခန္ဓာကိုယ် တောင့်သွားခဲ့သည်။

ရင်ခွင်ထဲက ပြန်ထုတ်ကာ....စိုးရိမ်သော မျက်ဝန်းများနှင့်....

"ညီမ...ဘာဖြစ်သွားသေးလဲ...အဆင်ပြေရဲ့လား.."

"အကို...တစ်ညလုံး ဒီမှာ စောင့်နေတာလား"

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now