အပိုင်း (12)
ခွန်း အပြင်ကို ထွက်လာတော့.....
ထုံးစံအတိုင်း အိပ်နေသည့်
ကိုဟိန်းကို နှိုးကာ ထွက်လာခဲ့သည်။အပြင်ရောက်တော့...Lord ရဲ့ လက်ထောက်က ခွန်းဆီ လျှောက်လာကာ...
သူ့အား ခေါင်းငုံ ကာ နှုတ်ဆက်သည်။
"ဒါက....ပန်းချီ ပစ္စည်းတွေ ပါ"
"ကျေးဇူးပါရှင့် "
"ရပါတယ်... "
နှုတ်ဆက်ကာ ပြန်သွားကြသည်။
ဒီနေ့ည အေးတယ် ဟိန်းထက်အောင်က
ခွန်းရဲ့လက်လေးကို မသိမသာထိနေသည်။ခွန်းကလဲ အလိုက်သင့်ပြန်ကိုင်လိုက်သည်။
နှစ်ယောက်သား လက်ချင်း ကိုင်ကာ ခွန်း အိမ်အပြန်
လမ်းကို အတူသွားကြသည်။အပြင်ကအေးနေပေမယ့် ကိုဟိန်း ရဲ့ လက်က
အနွေးဓာတ်ကို ခွန်း ရနေသည်။စိတ်ထဲမှာလဲ နေလို့ကောင်းပြီး ခန္ဓာကိုယ် ကလဲ ပေါ့ပါးနေသည်။
အိမ်ရောက်တော့မယ့် လမ်းထိပ်ရောက်တော့
ကိုဟိန်းက ခွန်း ရဲ့ ခေါင်းလေးကို နမ်းရှိုက်သည်။"ကိုဟိန်း....."
"အိမ်ကို ကောင်းကောင်းပြန်နော်..."
"ဟုတ်ကဲ့ "
ကိုဟိန်း ထွက်သွားတယ့် နောက်ကျောပြင်ကို
ငေးကြည့်နေမိသည်။ခွန်းလဲ အိမ်ကို ကောင်းကောင်းပြန်ရောက်ခဲ့ပါသည်။
ခွန်းပစ္စည်းတွေကို ကြည့်ကာ အလွန် သဘောကျနေမိသည်။
ခွန်းက Online ကတဆင့် ပန်းချီ သင်တန်း တတ်ဖို့ အပ်ခဲ့သည်။
နောက်နေ့ကစပြီး ပန်းချီသင်တန်း တတ်လို့ရပြီ...ခွန်းအလုပ်လဲ ကြိုးစားလုပ်ရမယ်။ သင်တန်းကြေးက နည်းနည်းတော့ များတယ်လေ။
~~~~~~~~~~~♥♥♥♥~~~~~~~~~~
Lord က ရဲတိုက်ကို ရောက်တော့ Moe Wanna Htet က
"ကိုမင်း....အဘိုးဆီကို သွားလည်မလို့...ကိုမင်းလဲ လိုက်ခဲ့ပါလား"
"ဆရာက... ခရီး က ပြန်လာပြီလား"
"ဟုတ်...ပြန်လာပါပြီ...သူ့ဆီလာလည်ဖို့ မိုးကို ဖုန်းဆက်ထားတယ်"
YOU ARE READING
အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞
Romanceထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်နေရတာလဲ......