အပိုင်း (26)

7.4K 74 0
                                    

အပိုင်း (26)

Lord လက်ထောက် က မမြင်ချင်လို့ မျက်လုံး မှိတ်ထားလို့ရပေမယ့်...အခုတော့ နားက အုပ်မရပေ။

မကြားချင်ပဲ...ကြားနေရတယ်။ ငိုချင်လာပြီ..

မင်းဆရာပြောသလို တစ်နာရီလောက်ဘာမှ မကိုင်ဘဲ လွတ်လွတ်လပ်လပ် ထားရတာ အရမ်းကိုပေါ့ပါးသည်။

မင်းဆရာပြောချင်တာက တစ်ခါတစ်လေ
ကိုယ့်ဘဝကိုယ် လွတ်လပ်ခွင့်ပေးသင့်တယ်

ဆိုတယ့် သင်ခန်းစာကို နောက်ဆုံးအနေနဲ့
သင်ပေးခဲ့တာပါ။

ဒါပေမယ့် Lord မသိတာက Moe Wanna Htet က
Lord နဲ့ ခွန်း ဖုန်းပြောတယ့် စကားတွေအကုန်ကြားသွားခဲ့လေပြီ။

သူမ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း..

"ငါအဲ့ကောင်မကို အသေသတ်မယ့်အစား
မသေမရှင်ထားပြမယ်...."

Moe Wanna Htet က ထိုနေရာက လှည့်ထွက်သွားသည်။

ပြီးတော့ သူ့လက်ထောက် ကို ကြည့်ကာ...

"ဟို ကောင်မ ကို ဘယ်မှာ Lord ဝှက်ထားလဲ
ရှာစမ်း"

"ဟုတ်ကဲ့.... သခင်မ"

Moe Wanna Htet က တစ်ခုခု သတိထားမိသွားသည်။

"နေအုံး.....မရှာနဲ့တော့.... "

ဘာလို့ဆို သူသိပြီ Lord ရဲ့ အိမ်မှာ သူရှိနေတာ...

Lord ရဲ့ အဲ့ အိမ်က ဝင်ဖို့ မပြောနဲ့ အဲ့အနီးတစ်ဝှိုက်တောင် ဝင်လို့မရပေ။

လေဆာတွေအပြင်..မြေကြီးထဲမှာ အချက်ပြအော်သံခလုတ်များကိုလဲ ဖုံးထားသည်။

ဘယ်လိုမှဝင်လို့မရတယ့်နေရာ....

"ထားလိုက်တော့......"

Moe Wanna Htet က ဒေါသထွက်လွန်းလို့ ပေါက်ကွဲချင်ပေမယ့် ဒီနေရာမှာတော့မဟုတ်ဘူး...

~~~~~~~~~♥♥♥♥~~~~~~~~~~

ခွန်း အမြဲ ကိုဟိန်းကို စာပို့သည်။

ခွန်းနေမကောင်းသည့်အကြောင်းတွေ ...ကိုဟိန်း က လာတွေ့မို့လုပ်ပေမယ့် မဖြစ်နိုင်ဘူးလေ...အဲ့တော့ ဒီအတိုင်းစကားပြောရင်း နဲ့ပေါ့....

Lord က ဖုန်းအမြဲခေါ်တယ်.....မနက်တစ်ခါ
နေ့လည်တစ်ခါ ညတစ်ခါ......

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now