အပိုင်း (80)

5.7K 70 0
                                    

အပိုင်း (80)

"ညီမ ယောက်ျား ခိုးလာတယ်...."

"ဘာ....."

"ဟမ်...."

ခွန်း နဲ့ Lord ကြောင်သွားသည်။

သုတက အခန်းထဲ ဝင်လာကာ ဆူးရဲရဲ
လက်မောင်းကို ဖက်ထားသည်။

"အဟွက်.....အဟွက်...."

ခွန်း ချောင်းပါဆိုသည်။

ကြည့်ရတာ ဘယ်သူက မိန်းကလေး ဘယ်သူက ယောက်ျားလေးမှန်းတောင်မသိတော့ဘူး....

"ခွန်း... ခဏ အပြင်ထွက်ပေး....ကိုယ် ဆူးရဲရဲ
နဲ့စကားပြောချင်လို့"

"အင်း..... "

ခွန်း က ထွက်သွားရင်း ဟိုကောင်သုတကိုပါ
ဂုတ်ကဆွဲပြီး အပြင်ကိုထုတ်ခဲ့ပြီး တံခါးကို
ပိတ်လိုက်သည်။

"နင်ဘာတွေလုပ်နေတာလဲ...."

"ငါက ဘာလုပ်လို့လဲ "

"ယောက်ျားလေး က မိန်းကလေးကို ခိုးပြေးတာပဲ ​ကြားဖူးတယ်...နင်ကျမှ ဘာလိုတွေဖြစ်နေတာလဲ"

"..အဲ့တာဘယ်လိုဖြစ်လဲဆိုရင်..ငါနင်ပြောသလို...
ဆူးကို အကုန်ပြောပြလိုက်တယ်...."

~~~~~~~~~♥♥♥♥♥~~~~~~~~~~

လွန်ခဲ့သော် 2 နာရီက....
"အဲ့တော့....မောင်တို့ တဂယ်လမ်းခွဲရတော့မှာလား"

"ဘာကိစ္စလမ်းခွဲရမှာလဲ......"
ဆူးက လက်သီးစုပ်ကာဖြင်​့ ဒေါသထွက်စွာပြောသည်။

"ဒါဆို....မောင် ဆူးကို ခိုးပြေးမယ်..."

"အဲ့လို လုပ်ရင်... အဖမ်းခံရလိမ့်မယ်..."

ဟုတ်သား....ငါသေဒဏ်ပါ ပေးခံရလောက်တယ်

ဆူးရဲရဲ ဦးနှောက်လေး မီးသီလေးလင်းသွားသည်။
သူမအကြံကောင်းရသွားခဲ့သည်။

"သိပြီ.....ဆူး ....မောင့်ကို ခွန်းပြေးမယ်လေ"

"ဟမ်...ဖြစ်ပါ့မလား...."

"အဲ့တာ အကောင်းဆုံး နည်းလမ်း ပဲ....
မောင့်မှာ အခြားနည်း ရှိလို့ လား..."
မရှိတော့....သူမ ပြောသလိုပဲ...အရဲစွန့်လိုက်တော့.

"......."

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ယခု လက်ရှိ.....

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now