အပိုင်း (13)

9.1K 78 0
                                    

အပိုင်း (13)

Lord က ခေါင်းညှိမ့်ပြသည်။

"ဒါဆို ဆေးအရင်သွားဝယ်ရမယ်...."

"ဆေး...."

Lord က သူ့လက်ထောက်ကို ဖုန်းဆက်ကာ
သူလိမ်းရမယ့် ဆေးတွေကို ဆရာဝန်တွေဆီက ယူခိုင်းသည်။

"ငါလိမ်းရမယ့်...ဆေးတွေ သွားယူခိုင်းထားတယ်"

"အော်...အဲ့လိုဆို...ခွန်းသွားစရာမလိုတော့ဘူးပေါ့"

"မင်းက ဘာဆေးဝယ်ရမလဲ သိတယ်ပေါ့"

"သိတာပေါ့"

ဘာလို့ဆို ခွန်းလဲ အိမ်မှာ အရိုက်ခံနေကျပဲလေ...
ဒါကြောင့်ဆေးလဲ သေချာလိမ်းတတ်ပြီး ပတ်တီးလဲ ကောင်းကောင်းစည်းပေးတတ်တယ်။

မထင်ထားဘူး...ဒါတွေက...တစ်နေ့...အသုံးဝင်လာလိမ့်မယ်လို့....ရယ်စရာကောင်းတယ်။

Lord က ခွန်းကို ကြည့်ကာဖြင့်

"ဒါဆို.... အခု ချိန် အားနေတာ...ဘာလုပ်ချင်လဲ"

"Lord က ဘာလုပ် စေချင်နေတာလဲ"

"နမ်းချင်တယ် "

"ဟမ်...."

"ငါမင်းမျက်နှာတစ်လျှောက် အကုန် နမ်းချင်တယ် "

"Lord....အဲ့ဒါက.... မဟုတ်သေးဘူး မလား"

"...ဘာကိုလဲ.... "

"......"

ခွန်း က ခဏလောက် စဥ်းစားပြီးနောက်
ဘာပြောရမလဲ မသိသလို.....ဘာပြောရမလဲ စကားလုံးစဥ်းစားနေပေမယ့် ဘာမှ ထွက်မလာသည့်အဆုံး.....

"ခွန်း....မျက်နှာ သွားသစ် ရင်ကောင်းမလားလို့"

Lord က သူမ ကို ရူးနေတာလား ဆိုတယ့်အကြည့်နဲ့ ကြည့်ရင်း

"ငါမင်းကို ဆေးရုံ အရင်ပို့သင့်လား...ဘာတွေပြောနေတာလဲ "

သူမကို ရူးနေတယ်လို့ သုံးနှုန်းလိုက်တာကြောင့်
ခွန်း မျက်နှာလေးက မကြည်တယ့်ပုံစံနှင့်။

"ဘာမှ..မဟုတ်တော့ဘူး...လုပ်ချင်ရာ..လုပ်တော့ "

Lord က သူမကို သေချာကြည့်လိုက်တော့ အဖြေရှာတွေ့သွားသည်။
"အော်...မင်းရှက်နေတာပဲ..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now