အပိုင်း (51) ZU

6.2K 71 1
                                    

အပိုင်း (51)

Lord ကို မသွားစေချင်ဘူး...

"အင့်....ဟင့်.....မသွားနဲ့.....ဟင့်...ဟင့်...."

Lord က အဲ့လိုတွေဆွဲဆောင်နေတော့.....
ခွန်းက သူ့ကို ဘယ်လို ထွက်သွားခိုင်းရက်မှာလဲ....

အခုဆို ခွန်း ရဲ့ ညာဘက်ခြေထောက် က ခြေချင်းဝတ်လေးမှာ Lord ဆင်ပေးထားတာလေးနှစ်ခုရှိတယ်....တစ်ခု ထောင်ချောက်...နောက်တစ်ခုက.....

Lord က ခွန်းရဲ့ မျက်နှာလေးကို နူးညံ့စွာ ထိတွေ့လိုက်ရင်း ထပ်ပြီး နမ်း ပြန်သည်။

"Lord..."

နှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်တော့သည်။
"Lord....မကောင်းဘူး...ခွန်းကို ထားခဲ့တယ်"
"တစ်ပါတ်လေးထဲ...ကိုယ်ပြန်လာခဲ့ပါမယ်"

"သိဘူး....."

"စိတ်မဆိုးပါနဲ့ ကွာ....ကိုယ်အပြန်ဘာဝယ်ခဲ့ရမလဲ"

ခွန်း က Lord အပေါ်တင်ထားသည့် သူမ ခြေထောက်ကို အောက်ကိုချလိုက်ရင်း သက်ပြင်းလေးချကာပြောသည်။

"ဘာ...အနာတရမှ မရှိဘဲ ပြန်လာခဲ့..."

"တဂယ်....ဒါပဲလား..."

"အင်း....ဒါပဲ...ဒဏ်ရာတစ်ခုခုရခဲ့ရင် ခွန်း
စိတ်ဆိုးမှာနော်...."

"ကောင်းပါပြီဗျာ...."

Lord က သစ်ပင်ကြီးကို မှီကာထိုင်လိုက်သည်။

"ကိုယ့်ကိုယ်ကို ပန်းချီတစ်ပုံလောက်ဆွဲပေးပါလား"

ခွန်း က လက်လေးပိုက် နှုတ်ခမ်းလေးဆူကာဖြင့်

"အကျိုးမြတ်က...ရော..."

"ဟာ...ချစ်သူတွေပဲလေ...အလကားမရဘူးလား"

"မရပါဘူး...."

Lord က ပြုံးကာ ပြန်ပြောသည်။

"ဒါဆို....စောစော ပြန်ခဲ့မယ်.."

ခွန်း က ချက်ချင်း paint brush ကို ကိုင်ကာ စဆွဲတော့သည်။

Lord က သူမ ပြာယာခတ်နေတယ့်ပုံလေးကြည့်ကာ

တစ်နာရီအကြာ.....ပင်ပင်ပန်းပန်းနဲ့
ဆွဲလိုက်သည်။
"ပြီးပြီ...."

"မြန်လိုက်တာ... "

"ဘာမြန်တာလဲ....တစ်နာရီပါနော်..."

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Место, где живут истории. Откройте их для себя