အပိုင်း (97)

Start from the beginning
                                    

"Happy Birthday Baby"

ခွန်းက သူ့ဗိုက်လေး ဂရုစိုက်နေရတာနဲ့ သတိမထားမိဘူး....သူ့ မွေးနေ့ ကို မေ့နေခဲ့တာ......

"ကျေးဇူးတင်ပါတယ် Lord...."

12 နာရီ 1 မိနစ်မှာ လုပ်ပေးခဲ့ပြီး.....Lord က ခွန်း ဘေးမှာနေပေးကာဖြင့်....လက်ဆောင်ပေးသည်။

"Lord...ကျေးဇူးတင်ပါတယ်"

"ခွန်း အတွက်... မွေးနေ့လက်ဆောင်ရှိတယ်"

"ဘာလဲ..."

"ကိုယ် တစ်ပတ်မှာ 1 ရက် ပုံမှန် အားလပ်ရက်
ရတော့မယ်

"တဂယ်ပြောတာလား....ပျော်လိုက်တာ "

နှစ်ယောက် ကုတင်မှာ လှဲလိုက်ရင်း....

"ဟုတ်တယ်.... ကိုယ် အလုပ်ကိစ္စတွေကို ခွဲလိုက်တာ ဒီလိုပါပဲ..."

"ဒါပဲလိုတာပါ..lord အချိန်တွေပဲလိုတာ.."

ခွန့်းအတွက် ဘာပစ္စည်း လက်ဆောင်မှ မလိုဘူး..lord အချိန်တွေကိုပဲ လိုအပ်တယ်...

Lordအချိန်တွေက တန်ဖိုးရှိတော့ ခွန်း မတောင်းဆိုရဲဘူး...အလိုက်တသိ ဖြည့်ဆည်းပေးလို့အရမ်းကို သဘောကျမိတယ်....

"ချစ်တယ်.... "

"ကိုယ်လဲ အရမ်း ချစ်တယ်..."

နှုတ်ခမ်းသားလေးတွေကို နူးညံ့စွာ ထိကပ်ရင်း...
အနမ်း နုနုလေးတွေ ပေးတော့သည်။

~~~~~~~~♥♥♥♥♥~~~~~~~~~~

ခွန်းရဲ့ ပန်းချီ ပြခန်းကြီး ဖြစ်​မြောက်ခဲ့သည်။

ခွန်း ရဲ့ ပန်းချီ တွေ က အရမ်းကို နာမည်ကြီးပြီး အရွယ်နဲ့မလိုက်အောင် အရမ်းထူးချွန်သည်။

"လေးမျက်နှာ" နာမည်နှင့်ပန်းချီဆိုရင်
နာမည်ကြီးသည်။

ခွန်း က သူ့ပန်းချီ ရောင်းခန်းမ ရတယ့် ပိုက်ဆံ အားလုံးကို နေရာ အနှံ့ လှူသည်။

အလွဲသုံးစားမှု မရှိအောင် သူကိုယ်တိုင်ကြီးကျပ်ခဲ့သည်။

6လမှာ Ultrasound ထပ်ရိုက်ကြည့်တော့..
သမီးလေးတစ်ယောက်...သားလေးတစ်ယောက် ကိုသိလိုက်ရတယ်။

နှစ်ယောက် အရမ်းကို ပျော်ရွှင်သွားခဲ့တယ်...

ကလေး နှလုံးခုန်သံလေးကို နားထောင်ရင်း
အရမ်းသဘောကျနေခဲ့မိသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now