အခန်း (၂၆)
" သားထင်လင်း... ဒဏ်ရာက အဆင်ပြေတယ် မဟုတ်လားဟင်... "
ထိုလူကြီးက ထပ်မေးလာပြန်သည် ။
လင်းမာန်ခ ကြားထဲက အားနာလာသောကြောင့် ဝင်ဖြေလိုက်ရသည် ။" ဟုတ်ကဲ့ အဆင်ပြေပါတယ်ခင်ဗျ... ချုပ်ရိုးဖြည်တာလဲ အဆင်ပြေပြေ ပြီးသွားပါတယ်... "
ထိုလူကြီးက လင်းမာန်ခ ဘက်ကို လှည့်ပြီး ပြုံးပြလာသည် ။
သူ့အပြုံးထဲတွင် ရင်းနှီးနွေးထွေးမှုကို လင်းမာန်ခ ခံစားရသည် ။" သားလေးက... သားထင်လင်း ရဲ့ သူငယ်ချင်းလားကွဲ့... "
" ဟုတ်ပါတယ်ခင်ဗျ... "
" အန်တီ... အဲလေ... ဦးက သားထင်လင်းရဲ့ ဦးလေး ပါ... နာမည်က မြ... ဟို... ဦးထင်မြပါ "
လင်းမာန်ခ ဦးထင်မြ ဆိုသူကို ပြုံးပြလိုက်သည် ။
ကိုထင်လင်း ကတော့ တစ်ခွန်းမှ ဝင်မပြောလာပေ ။
လင်းမာန်ခ ကပင် မတတ်သာသောကြောင့် မေးလိုက်ရသည် ။" ကျွန်တော်က လင်းမာန်ခ ပါခင်ဗျ... ဒါနဲ့... ဦးထင်မြက ဆေးရုံဘာလို့လာတာလဲဟင်... တစ်ခုခုများ ဖြစ်လို့လား... "
" အသက်လေး နည်းနည်း ရလာတော့ ဆီးချိုလေး တက်တက်လာလို့ ဆရာဝန်က တစ်လတစ်ခါ လာပြခိုင်းလို့ပါကွယ်... ဒီနေ့က ရက်ချိန်းလေ... "
" ခင်ဗျား တစ်ယောက်ထဲ လာတာလား... ခင်ဗျားယောကျ်ားကကော ဘယ်သွားသေနေလို့လဲ... "
ကိုထင်လင်း က အနည်းငယ် စိတ်ပူသော်လည်း စိတ်မပူသလို လေသံဖြင့် ဝင်ပြောလာလေသည် ။
ဝင်ပြောမယ့်ပြောတော့လည်း ဘုဂလန့် မေးခွန်းကြီး ဖြစ်သည် ။
လင်းမာန်ခ ပင် မျက်နှာပူ၍သွားရသည် ။" ကိုထင်လင်း... လူကြီးကို... ဘယ်လိုတွေ ပြောနေတာလဲ... "
သူပြောလိုက်တော့ ကိုထင်လင်း က ဆက်ပြောမည့် စကားကို မပြောတော့ဘဲ ရပ်လိုက်သည် ။
မျက်နှာကတော့ ရှုံ့မဲ့နေဆဲပင် ။" ရပါတယ်... သားလေး... ကိစ္စမရှိပါဘူး... ကိုဇော်လည်း ပါလာပါတယ် သားထင်လင်း... ဦးမြက အမြဲ နမော်နမဲ့ လေ... ဆေးရုံရောက်ပြီးမှ ဆေးစစ်ထားတဲ့စာရွက် ကျန်ခဲ့လို့ မင်းဦးလေး ဦးဇော်က သွားပြန်ယူပေးနေတယ်... "
CZYTASZ
အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ်
Tajemnica / Thrillerဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ... လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။ သူ့အဖေက သူ ၂နှစ်သားထဲက ဆုံးသွားခဲ့ပြီဖြစ်တယ် ။ သူ့အဖေရဲ့ ဒိုင်ယာရီ အရ သူ့အဖေ ချစ်တဲ့သူက ယောကျ်ားလေးတစ်ယောက်ဆိုတာ သူ သိခဲ့တယ် ။ ...