အခန်း (၉)

670 63 4
                                    

အခန်း (၉)

လင်းမာန်ခ တစ်ယောက် စက်ဘီးကို ဆိုင်ရှေ့တွင် ရပ်ခဲ့ပြီး ခိုးကြောင်ခိုးဝှက် ဆိုင်ထဲကို ချောင်းကြည့်လိုက်သည် ။
ဆိုင်တံခါးကို အသံမထွက်အောင် တိတ်တိတ်လေး တွန်းဖွင့်လိုက်သည် ။
ကိုထင်လင်း ဆိုသူကို သူ ယခုထိ မတွေ့ရသေးချေ ။

" ဘယ်သူ့ကို ရှာနေတာလဲ ညီလေး... "

သူ့အနောက်ဘက်မှ သူ့ နားရွက်နားသို့ ကပ်ကာ မေးလာသော အသံတိုးတိုးကို လင်းမာန်ခ ကြားလိုက်သည် ။

" ဟို မျက်နှာခပ်မာမာနဲ့ လူမိုက်ရုပ်နဲ့ အစ်ကိုကြီးလေ... ဒီခေါက်ဆွဲဆိုင်ကပဲ... "

လင်းမာန်ခ တိုးတိုးလေး ပြန်ဖြေပြီးမှ သင်္ကါမကင်း ဖြစ်သွားပြီး အသံလာရာ ဘက်ဆီသို့ လှည့်ကြည့်လိုက်မိသည် ။
ထိုအခါတွင်မှ သူ့အနောက်တွင် သူနှင့်ကပ်လျက်ရှိနေသော ကိုထင်လင်း၏ မျက်နှာကြီးကို ဘွားကနဲ တွေ့လိုက်ရလေသည် ။

" အမလေး... ပလုတ်တုတ်... "

သူ အလန့်တကြား ဖြစ်သွားပြီး အနောက်ကို ပြန်ဆုတ်လိုက်ချိန်တွင် အခန့်မသင့်ဖြစ်သွားပြီး ချော်လဲကျသွားလေသည် ။
လင်းမာန်ခ တစ်ယောက် သူ့ကိုယ်သူ ကျိန်းသေပေါက် ချော်လဲကျသွားပြီဟု ထင်လိုက်မိသည် ။

သို့သော် ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် တန့်သွားပြီး တစ်စုံတစ်ယောက်၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည် ။
သူ့ကိုယ်သူ ပြန်သတိထားမိချိန်၌ သူသည် ကိုထင်လင်း ဆိုသူ၏ ရင်ခွင်ထဲသို့ နောက်တကြိမ် ရောက်မိနေကြောင်း သိလိုက်ရသည် ။

နေစမ်းပါဦး .... ငါက သူ့ရင်ခွင်ထဲကို ဘာလို့ ခဏခဏရောက်နေရတာလဲ ။
အဲ့လောက် ခဏခဏ ရောက်နေတာ မဖြစ်သင့်တော့ဘူး မဟုတ်လား ။
သူ့ရင်တွေလည်း တဒိတ်ဒိတ် ခုန်လှုပ်သွားရသေးသည် ။

" ဟေ့လူ... ခင်ဗျား ကျွန်တော့်ကို အသားယူတာလား... အခုလွှတ်... "

သူက လွှတ်ဟု ပြောလိုက်သည်နှင့် ကိုထင်လင်းက သူ့ကို တကယ်ကြီး လွှတ်ချလိုက်တော့သည် ။
ခုနက လဲမလို ဖြစ်နေသော လင်းမာန်ခ တစ်ယောက် အခုတော့ တကယ်ပင် မြေကြီးပေါ် ဖင်ထိုင်လျက်လေး လဲကျသွားတော့သည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now