အခန်း (၂၀)

629 65 11
                                    

အခန်း (၂၀)

စတိတ်ရှိုး ကြည့်နေစဥ် တစ်လျှောက်လုံးလည်း လင်းမာန်ခ သူ့မေမေ၏ ပုံစံကို မျက်လုံးထဲ စွဲနေပြီး သူ့ကိုယ်သူ အပြစ်ရှိသလိုမျိုး ခံစားနေရသည် ။
ထို့ကြောင့် ကိုထင်လင်း ဘေးမှာ ရှိနေသည်ကိုပင် လင်းမာန်ခ မပျော်နိုင်သလိုလို ဖြစ်မိသည် ။
ကိုထင်လင်း ကတော့ သူ ပင်ပန်းနေသည်ဟု ထင်ကာ သူ့ကို အအေးထပ်တိုက်လာသောကြောင့် သူ့မှာ ငြင်းလိုက်ရသည် ။

" လင်းမာန်ခ... ညီ ပင်ပန်းနေတာလား... စတိတ်ရှိုး မကြည့်ဘဲ တစ်နေရာရာမှာ သွားထိုင်ပြီး နားကြမလား... "

" ရတယ်... စတိတ်ရှိုး ပဲ ဆက်ကြည့်မယ်... ကျွန်တော် မပင်ပန်းပါဘူး... "

လင်းမာန်ခ ပြန်​ဖြေလိုက်သည် ။
သူ ယခုအချိန်တွင် သူ့အာရုံကိုသူ ပြန်ပြောင်းချင်သည် ။
သူ့ကိုယ်သူ အပြစ်ရှိသော စိတ်ကြီးနှင့် ငူငူကြီး ထိုင်မနေချင် ။
ထို့ကြောင့် ရှိုးပွဲကိုသာ ဆက်ကြည့်ဖို့ ရွေးခြယ်လိုက်သည် ။

ခဏအကြာတွင် သူနှင့် ကိုထင်လင်း တို့ အနားသို့ လူတစ်ယောက် ရောက်လာသောကြောင့် လင်းမာန်ခ လှည့်ကြည့်လိုက်သည် ။
ထိုသူက ကိုကျော်ထိုက် ဖြစ်နေသည် ။
သူ ကိုကျော်ထိုက် ကို တစ်ယောက်ထဲ တွေ့လိုက်ရသောကြောင့် အံ့သြသွားရသည် ။

" ကိုကျော်ထိုက်... ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ... မေမေ...အဲလေ... မနှင်းယမုံ အနောက်ကို လိုက်သွားတာ မဟုတ်ဘူးလား... "

ကိုကျော်ထိုက် မျက်နှာက ရှုံ့တွနေသည် ။
ပြီးတော့ လင်းမာန်ခ ကို မကျေမနပ် ပုံနှင့်လည်း ကြည့်လာသည် ။

" လင်းမာန်ခ... ငါကတော့ မင်းစကားကို ယုံပြီး သူ့အနောက်က လိုက်သွားလိုက်တာ... မင်းက ငါ့ကို အရောက်ပို့တာနော်... "

" ဟင် ဘာလို့လဲ... "

သူ နားမလည်နိုင်စွာ ပြန်မေးမိသည် ။

" မင်းပြောသလို ငါ သူ့ကို သွားပြောလိုက်တယ်လေ... အထီးကျန်နေတဲ့အချိန် နင့်ဘေးမှာ နင့်ကို စိတ်ပူပြီး နင့်ခံစားချက်တွေကို ငါ မျှဝေပေးနိုင်ပါတယ် ဆိုပြီးတော့ပေါ့... ငါ့မှာ ပါးရိုက်မခံလိုက်ရတာ ကံကောင်း... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now