အခန်း (၁၁)

707 73 21
                                    

အခန်း (၁၁)

ထိုအတွေးကြောင့် လင်းမာန်ခ ရုတ်တရက် ထိတ်လန့်သွားရသော်လည်း သူ့စိတ်ထဲတွင် နောက်ထပ် အတွေးတစ်ခု ဝင်လာသည် ။

ငါသာ ဒီလို မလုပ်ပေးရင် ငါ့ဖေဖေ က သူချစ်တဲ့သူနဲ့ ကွဲသွားပြီး နောက်ဆုံးမှာ သေသွားမှာ မဟုတ်လား ။
အဲ့တော့ ငါ့အသက်နဲ့ အလဲအထပ် လုပ်ပေးနိုင်တယ် ဆိုရင်ပဲ ဒါ မိဘကျေးဇူးဆပ်ရာ ကျနေပြီလေ ။

ပြီးတော့ ဦးထွန်းမာန်ဆင့် နှင့် ဒေါ်နှင်းယမုံ ဆိုတာကလည်း သူ့ အဖေအရင်း အမေအရင်း ဟုတ်ချင်မှ ဟုတ်မှာလေ ။
သူ ဟိုဘက်ခေတ်မှာတုန်းက ကြည့်ခဲ့တဲ့ ဇာတ်လမ်းတွဲ တစ်ခုဆိုရင် ပါသမျှ မင်းသားမင်းသမီးတိုင်းရဲ့ မိဘတွေက အဖေအရင်း အမေအရင်း မဟုတ်ကြဘူးလေ ။
အဲ့တော့ ပြောလို့မရဘူး ။
သူလည်း မွေးစားသား ဖြစ်ချင် ဖြစ်နေမှာ ။

ဟိုဘက်ခေတ်မှာတုန်းက သူ သူ့မေမေကို သူ့အား မွေးစားထားခြင်း ဟုတ်မဟုတ်ကို မမေးမိခဲ့ရသည်မှာ နာလှသည်ဟုပင် လင်းမာန်ခ တွေးမိသွားရသေးသည် ။

" ဟိုကောင်လေး... ဘာလုပ်နေတာလဲ... ဟိုမှာ ခေါက်ဆွဲ မှာထားတာ ကြာနေပြီလေ... "

ကိုထင်လင်း ၏ လောဆော်လိုက်သံကြောင့် လင်းမာန်ခ တစ်ယောက် မြန်မြန်သွက်သွက် စားပွဲဝိုင်းတွင် သွားချပေးလိုက်ရသည် ။
ထို စားပွဲဝိုင်းတွင် ထိုင်နေသူကို သူ မြင်ဖူးသလိုလို ခံစားရမိသည် ။

" ရော့ ကောင်လေး... မောနေရင် ဒီမှာ ရေခဲရေ... "

ခေါက်ဆွဲချပြီး ပြန်လာသော သူ့ကို ကိုထင်လင်း က ရေဗူးဖွင့်ပြီး ပေးလာသောကြောင့် လင်းမာန်ခ နည်းနည်းပင် ရှက်သလိုလို ဖြစ်သွားရသည် ။
အမှန်ဆို ဒါက ချစ်သူရည်းစားတွေမှ လုပ်ပေးကြတာမျိုး မဟုတ်လား ။

" ရတယ်... ကျွန်တော် ရေမဆာဘူး... "

လင်းမာန်ခ ရေဗူးကို မယူဘဲ ထားလိုက်တော့ ကိုထင်လင်းက ရေဗူးကို အတင်း သူ့လက်ထဲ ထိုးထည့်ပေးနေသည် ။
သူ မယူဘဲ ဒီတိုင်းထားလိုက်လျှင် ပို ရှက်စရာ ဖြစ်လာနိုင်သောကြောင့် လင်းမာန်ခ ရေဗူးကို ယူလိုက်ရသည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now