အခန်း (၁၆)

594 72 9
                                    

အခန်း (၁၆)

" ဟဲဟဲ... တစ်ယောက်ထဲ ဘာစိတ်ဝင်စားစရာတွေ ကြည့်နေတာလဲဟင်... "

လင်းမာန်ခ တစ်ယောက် ရုတ်တရက် သူ့ကျောကို တစ်စုံတစ်ယောက်က လာပုတ်ပြီး မေးလိုက်သောကြောင့် လန့်ဖျတ်သွားရသည် ။
ကိုထင်လင်း များလားဟု ရုတ်တရက် ထင်လိုက်မိသော်လည်း ကိုထင်လင်း မဟုတ်ပါပေ ။

သူ လှည့်ကြည့်လိုက်တော့ ခုနက ဆိုင်ကယ်စတန်းတွင် သူတို့နှင့် တွေ့ခဲ့ကြသော မြတ်မင်းခန့် ဆိုသူ ဖြစ်နေသည် ။
ထိုသူ့ အသံကြောင့် သူ ချောင်းကြည့်​နေသည်ကို သူဖေဖေ့တို့ ရိပ်မိသွားမည် စိုးသောကြောင့် လင်းမာန်ခ နှုတ်ခမ်း ပေါ် လက်ညှိုး ကန့်လန့်ဖြတ် တင်ရင်း ရှူးတိုးတိုး ဟူသည့် အမူအရာ လုပ်ပြလိုက်သည် ။

" တစ်ယောက်ထဲ ဘာ စိတ်ဝင်စားစရာတွေ ကြည့်နေတာလဲဟင်... "

မြတ်မင်းခန့် က အသံ တိုးတိုးလေး လုပ်ပြီး သူ့နား ကပ်ကာ နောက်တစ်ခါ ထပ်မေးလာပြန်သည် ။
တော်တော် စပ်စုတဲ့လူပဲ ။
ဒါပေမယ့်လည်း သူ မပြောပြဘဲ နေလို့လည်း မရပြန် ။
တော်ကြာ အလိုက်ကန်းဆိုးမသိ ထပ်ခါထပ်ခါ မေးနေလျှင် သူ့ဖေဖေနှင့် ဦးကျော်ထွဋ်ခေါင် တို့ သူ ရှိရာဘက်ကို သတိထားမိသွားနိုင်သည် မဟုတ်လား ။

" ငါ့ဖေဖေ... အဲ... အဲလေ... ငါ့အသိ သူငယ်ချင်း နှစ်ယောက် ပြဿနာ ဖြစ်နေလို့ ငါ ဖျန်ဖြေပေးမလို့ ကြည့်နေတာ... "

လင်းမာန်ခ ခပ်တိုးတိုး လေး ရှင်းပြလိုက်သည် ။
မြတ်မင်းခန့် က သူ့နားနားကပ်၍ တိုးတိုးလေး ပြန်ပြောသည် ။

" အသိတွေဆို သွားဝင်ပြောလိုက်လေ... ဒီနားကနေ နားထောင်နေတာက မသိရင် အတွဲချောင်းနေသလိုလို ဘာလိုလိုနဲ့... "

လင်းမာန်ခ က မြတ်မင်းခန့် ဘက်ကို ရှူးတိုးတိုး ဟု လက်ဟန်ဖြင့်သာ လုပ်ပြပြီး သူ့ဖေဖေနှင့် ဦးကျော်ထွဋ်ခေါင် တို့၏ စကားဝိုင်းဘက်ကို ပြန်၍ အာရုံစိုက်လိုက်သည် ။

မြတ်မင်းခန့် က တိတ်တိတ်လေး ဘာမှဆက်မပြောဘဲ နေလိုက်ရသည် ။
ဒီတစ်ယောက်က ဘာလို့ ဒီနေရာကို တစ်ယောက်ထဲ ရောက်နေသလဲ သူ စဥ်းစား၍ မရ ။
ဖြစ်နိုင်သည်မှာ ဒီ uke လေးက သူ့ seme ကြီးကို စိတ်ကောက်ပြီး ထွက်လာသလား မပြောနိုင် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now