အပိုင်း (96)

Start from the beginning
                                    

Lord ကို ခွန်းက တွန်းချလိုက်သည်။

ဘယ်ကိုပြေးရမလဲ မသိဘူး......ရဲတိုက်က
အကြီးကြီး...အန်စရာနေရာမရှိ..ဘယ်မှာသွားအန်ရမလဲ...

"ခွန်း...အန်ချင်တယ်....ခေါင်းလဲမူးတယ်..မူး...."

မူးလဲကြသွားတော့ Lord က ဖမ်းကာ
ချီလိုက်သည်။

ချက်ချင်း ဆရာဝန် ခေါ်ကာ Lord က သူ့အခန်းရဲ့ ကုတင်ကြီးထက်ဝယ် ချပေးသည်။

ချက်ချင်း ရောက်လာသည့် ဆရာဝန်....

ဆရာဝန်စမ်းသပ်ချိန် အနှောင့်အယှက် မဖြစ်ရန် အဝေးမှာသာ နေပေးသည်။

"Lord Congratulations ပါ....Goddess ကိုယ်ဝန်ရှိနေပါပြီ"

Lord အံ့အားသင့်သွားကာ....

"....နောက်ဆုံး တော့....."

Lord မျက်နှာ က အရမ်းကို ပျော်သွားကာ ဖုံးကွယ်ထားလို့တောင်မရတယ့် အပြုံးနဲ့ပင်။

ခွန်းက အတန်ကြာ နိုးလာခဲ့သည်။

"Lord........"

"ခွန်း အဆင်ပြေရဲ့လား....."

"ခွန်း ဘာဖြစ်တာလဲ "

Lord က ဝမ်းသာစွာပြောသည်။

"ကိုယ်ဝန်ရှိနေပြီ......ဘေဘီ ဗိုက်ထဲမှာ
ကလေးရှိနေပြီ"

ခွန်း မျက်လုံးလေးက ဝိုင်းစက်သွားခဲ့သည်။
"တဂယ်လား....တဂယ်ပြောတာလား..."

"ဟုတ်တယ်....ကိုယ် တဂယ်ပြောတာ.. "

ခွန်း မျက်ရည်တွေပါ ဝဲတတ်လာကာ ပါးပြင်လေးထက် စီးကျလာခဲ့သည်။

"ခွန်း...အရမ်းပျော်တာပဲ... "

"ကိုယ်လဲ ပျော်တယ်.....နောက်ဆုံးတော့ ဘေဘီ
ဆန္ဒတွေပြည့်တော့မယ်..."

Lord ရဲ့ ကိုယ်ပွားလေးကို ပေးချင်တာ ခွန်းရဲ့ အိမ်မက်ပါ......

"နောက်ဆုံးတော့..... ဖြစ်ခွင့်ရခဲ့ပြီ...."

~~~~~~~~~♥♥♥♥♥~~~~~~~~~~

ဟန်နီးမွန်း က နေ ပြန်လာသည့် ဆူးရဲရဲ နဲ့ သုတ

"ပြန်လာပါပြီ....."

Lord နဲ့ ခွန်း က နေ့လည်စာ စားနေတယ့် ထမင်းစား ခန်းထဲကိုရောက်လာသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now