"အဟွန်း ခဏစောင့်''

ကိုကိုကြီးက သော်တာ့အခန်းထဲကို ဝင်သွားပြီး ခဏလေးနေတော့ ပြန်ထွက်လာလေသည်.....

သော်တာ့မှာ အများကြီးရှိတဲ့ အပေါ်က ပွပွဖားဖားနဲ့ အောက်က ဘောင်းဘီ ဒူးကျလေးတစ်စုံကို ဆွဲထုတ်လာကာ .....

"ရော့ ဒါလေးနဲ့ ပြန်လဲလိုက်''

''ဟုတ်''

သော်တာ အခန်းထဲကို ပြန်ဝင်ကာ အဝတ်အစား ပြန်လဲနေရင်း မျက်ရည်ကျရတော့သည်....

ကိုကိုကြီးသာ သတိရှိနေရင် ဘယ်လောက်တောင်များ ပျော်နေရှာမလဲ အရင်လို အခြေအနေလေး ပြန်ဖြစ်ချင်လိုက်တာ ကိုကိုကြီးရယ်....

သော်တာ အခန်းထဲကနေ ထွက်လာတော့ .....

"လာ ဒီရဲ စောင့်နေပြီ''

''ဟုတ်''

သော်တာတို့ ကားပေါ်မှာ ဝင်ထိုင်ပြီးတာနဲ့  ကိုဒီရဲက ကားကို ငြင်သာစွာ မောင်းနှင်လာတော့သည်....

မရီးက မျက်နှာလေးနွမ်းနေပြီး အပြင်ကို တိတ်တဆိတ်ငေးကာ လိုက်ပါလာလေသည် .....

ကိုနေတင်က မရီးကို နောက်ကြည့်မှန်ကနေ လှမ်းချောင်းလိုက်  ခေါင်းကို မသိမသာလေး စောင်းပြီး အနောက်ကို လှည့်ကြည့်လိုက် လုပ်နေတာမို့ ဒီရဲ ကြိတ်ပြုံးလိုက်ရင်း.....

"အဟမ်း အဟမ်း''

သူ့လုပ်ချောင်းသံကြီးကြောင့် ကိုနေတင် မျက်နှာကြီး ရဲသွားပြီး......

"ခွေးမသား ဘာချောင်းလဲကွ အဲဒီချောင်းက ''

''ဟောဗျာ ကိုယ့်ဟာကိုယ် ချောင်းဆိုးတာများ
ကိုနေတင်ကို တင်ပြရအုံးမှာလား ''

'''မင်းဘာလုပ်တာလဲဆိုတာ ငါသိနေတယ်ကွ

"ဟာ ချောင်း တကယ်ဆိုးတာပါ ဆရာသမားရယ် အချစ်နဲ့ ချောင်းဆိုးခြင်းဟာ အောင့်ထားလို့ မရဘူးတဲ့''

''ဟာ ဒီမိချောင်းသား ကားပေါ်ကနေ ကန်ချမိတော့မယ်ကွာ"

''ဦးနေ ဘာလို့ အလကားနေရင်း ဒေါသတွေ ထွက်နေရတာလဲလို့ စိတ်ကို အေးချမ်းအောင် ထားလေ"

''အင်  အေး အေးပါ ငါက ဒေါသထွက်တာ မဟုတ်ပါဘူး  မထွက်ဘူးလို့ နော်''

⚜️Nay Tin's Love Story⚜️Where stories live. Discover now