"Sky "

တိုးဖျတဲ့လေသံကြောင့် အခနး်တံခါးဝကိုကြည့်မိတော့ မြတ်ပန်းဝေကိုတွေ့လိုက်ရတယ်

သူ့နှုတ်ခမ်းတို့တင်းတင်းစေ့လိုက်ပြီး နှာခေါင်းကချဉ်စူးလာ‌တာကြောင့် သူမျက်နှာလွဲလိုက်တယ်

"Sky ငါ နင့်ကိုစကားနဲနဲပြောချငိလို့"

"ဘာပြောချင်တာလဲ မင်းက ငါ့ကိုနောက်တစ်ခေါက်ထပ်သွားဦးမယ်ဆိုတဲ့ကိစ္စကိုရှင်းပြချင်တာလား "

"ငါ.... "

"ထွက်သွားပါတော့ င့ါကိုပြန်မချစ်နိုင်ပဲ လာမပတ်သတ်တော့နဲ့ "

"Sky ! "

"နင်ဘာသိလို့လဲ ငါနင့်ကိုဘယ်လောက်ချစ်လဲ နင်ဘယ်တော့မှသိမှာမဟုတ်ဘူး နင်ကျောင်းတက်တော့လဲ နင့်နောက်လိုက်တဲ့ကောင်တွေကို ငါနဲ့မင်းဧကရာဇ်နှစ်ယောက်ပေါင်းရှင်းခဲ့တာ နင်အဝေးရောက်သွားတော့လဲ ငါတို့ရှိသမျှအဆက်အသွယ်တွေအားလုံးသုံးပြီးရှာခဲ့တယ် တွေ့ခဲ့တယ် မင်းဘေးကိုရောက်လာမဲ့အန္တရာယ်အားလုံးရှင်းခဲ့ကြတယ် ပြန်ရောက်လာလို့တက္ကသိုလ်တက်တေ့ာလဲ ငါတို့ပဲလူဆိုးထပ်ဖြစ်ပြန်တယ် ဟိုကောင်မင်းဧကရာဇ်နဲ့ငါက မင်းအပေါ်ဘယ်လောက်ရူးသွပ်ခဲ့လဲဆိုတာ မင်းလုံးဝသိမှာမဟုတ်ဘူး ငါတို့နှစ်ယောက်ထဲက တစ်ယောက်ကိုမှလဲမင်းမရွေးဘူး အခုတော့ ငါသိသွားပြီ မင်းက ကစားပဲကစားချင်တာ မင်းနှလုံးသားကိုဘယ်သူ့ဆီကိုမှပေးချင်တာမဟုတ်ဘူး ငါတို့ချစ်တာကိုအခွင့်အရေးယူပြီး ငါတို့ကိုနှပ်ချနေတာ အသုံးချနေတာ နင်ကအခွင့်အရေးသမား တကိုယ်ကောင်းဆန်တဲ့သူ အဲ့လိုလူကိုမှငါကသေလောက်အောင်ချစ်မိတယ် ငါ့အမှားပဲ နင့်ကိုထပ်မချစ်တော့ဘူး ငါနားမလာတော့နဲ့ နင့်ရဲ့ပလန်တွေဉာဏ်တွေကိုငါစိတ်မဝင်စားတော့ဘူး သွားတော့"

"နင် ပြောရက်လိုက်တာဟာ ငါအဲ့လိုလူမျိုးမဟုတ်ပါဘူး ငါက တကယ်တော့.... "

သူမ မသိုဝှက်ထားနိုင်တော့ဘူး ဖြစ်ချင်ရာဖြစ်ထုတ်ပြောလိုက်တော့မယ်လို့ပဲဆုံးဖြတ်လိုက်တော့တယ်

"တကယ်တော့.... ငါ... "

"ငါပြောလိုက်မယ် ... "

သူမ ပြောမလို့ ဒါပေမဲ့ မင်းဧကရာဇ်က အခန်းထဲရောက်လာကာ sky နဲ့မျက်နှာချင်းဆိုင်လိုက်တယ်

"မပြောနဲ့ ငါဘာမှမကြားချင်ဘူး"

"မင်းကြားချင်ကြားမကြားချင်နေ မင်းဆောက်ပါးစပ်ကိုပိတ်ပြီးငါပြောတာပဲနားထောင် "

"ပြောချင်ပြောမပြောချင်နေ ငါလဲနားထောင်ချင်မှနားထောင်မယ် "

မင်းဧကရာဇ်က sky ကိုပိတ်ထိုးချင်တဲ့အကြည့်နဲ့ကြည့်လိုက်ပေမဲ့ သူ ရှင်းပြဖို့အလိုရှိနေတုန်းပဲ

Sky လဲတိတ်ဆိတ်သွားပေမဲ့ နားထောင်နေသေးတယ်ဆိုတာကိုတော့သိနေရတယ်

အခန်းတွင်းမှာ မင်းဧကရာဇ်ရဲ့စကားသံသာပျံလွင့်နေခဲ့တယ်

အလယ်လောက်မှာ skyရဲ့အကြည့်ကပြောင်းလဲသွားခဲ့တယ် သူမကိုမကြာခနစိုက်ကြည့်လာသလို ပိုလို့လဲလေးနက်လာလေရဲ့

sky က မျက်မှောင်ကျုံ့ပြီးဆက်နားထောင်နေခဲ့တယ်  မြတ်ပန်းဝေကတော့  တွန့်ဆုတ်စွာ လက်ချင်းပွတ်နေမိ‌ေတာ့တာပဲ

"အဲ့တော့ မင်းပြောချင်တာ အဲ့ဒီဘာမှန်းမသိတဲ့ဟာကြီးက မြတ်ကလေးကို စကားနားမထောင်တာနဲ့လျှပ်စစ်ရှော့ရိုက်ပြီးအပြစ်ပေးတယ်ပေါ့ဟုတ်လား "

"ဟုတ်တယ် ဘယ်လိုပြောရမလဲ ဒီကမ္ဘာကြီးမှာ ငါတို့အတွက်စည်းမျဉ်းမရှိပေမဲ့ မြတ်ကလေးကိုတော့ကန့်သတ်ခံရတဲ့သဘောပေါ့"

"အဲ့တော့ မင်း ရုတ်တရက်ကြီးနှင်းဒီဇင်ဘာကိုလိုက်တာကလဲ မြတ်ကလေးအပြစ်ပေးခံရမှာစိုးလို့လား "

"မဟုတ်ဘူး ငါ အရင်တခါက မြတ်ကလေးကို ခရီးခေါ်သွားတယ်ဆိုတဲ့တစ်ခေါက်ကိုသိတယ်မလား တကယ်တော့ အဲ့တုန်းက ငါ မြတ်ကလေးကိုပြန်ပေးဆွဲသွားခဲ့တာ သူမကို အနုနည်းမရရင် အကြမ်းနည်းနဲ့သိမ်းပိုက်မယ်ဆိုပြီးတော့ မိုက်မိုက်ကန်းကန်းလုပ်ခဲ့တာလေ ဒါပေမဲ့ အဲ့တုန်းက ငါအမှန်တရားတခုကိုသိခဲ့ရတယ် "

"........"

"မြတ်ကလေး ပျောက်ကွယ်လုလုဖြစ်သွားခဲ့တယ် "

"ဟမ်! "

"လက်တွေကို်ယ်‌ေတွကဝိဥာဥ်တခုလိုကြည်လင်ဖောက်ထွင်းမြင်လာရပြီးပျောက်ကွယ်‌သွားတော့မလိုဖြစ်ခဲ့တာ "

"......."

"ငါအရမ်းလန့်သွားတာ "

"အဲ့တော့ မြတ်ကလေးက ငါတို့ဘဝထဲကနေ မသိလိုက်ပဲနဲ့ပျောက်ကွယ်သွားနိုင်တယ်ဆိုတဲ့သဘောလား "

"ဟုတ်တယ် "

"........."

အခန်းကရုတ်တရက် တိတ်ဆိတ်မူ့သာကြီးစိုးသွားလေတော့တယ်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။alinkar nang




(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (Oc) ( MLvSty) uni&zgiWhere stories live. Discover now