အပိုင်း (92)

Start from the beginning
                                    

ဆူးရဲရဲပြောသမျှဟာ တဂယ်မှန်တယ်...
အချိန်လဲ တစ်လရှိပြီ.....
ခွန်း လဲ Lord ကို အရမ်းလွမ်းနေပြီ..
ထိတွေ့ချင်လှပြီ.....

ဆူးရဲ့ စကားတွေကို ခွန်း ပြန်ပြီး လက်တုံပြန်စရာမရှိဘူး.....ဒီအတိုင်းငြိမ်ပြီး နားထောင်နေမိသည်။

"ခွန်း....နင် Lord ကို မချစ်တော့ဘူးလား...
သူ့ကို မတွေ့ပဲ အခု တစ်လတောင်ဖြတ်သန်းနိုင်
တယ်ပေါ့..."

"သူလဲ တူတူပဲမလား...."

"ငါ့အကိုက နင့်ကို မြင်ချင်းလွန်းလို့...အစောင့်ယောင်ဆောင်ပြီး နင့်စံအိမ်ထဲဝင်ဝင်လာတာ..အကြိမ်ပေါင်းမနည်းဘူးသိလား....ရဲတိုက်ကြီးရယ့် အရှင်သခင်...အုပ်ချုပ်သူ က...နင့်ဆီကို အစောင့်ယောင်ဆောင်ပြီး ဝင်တယ်... သိရဲ့လား......"

ခွန်း မျက်ဝန်းလေး ပြူးသွားကာ...Lord က
သူ့ကို လာတွေ့တာလား....

တဂယ်တော့ ခွန်း လိုချင်တာ က အဲ့လို မျိုးလေးမသိစိတ်ကနေ သူ့ကို ခိုးပြီး လာတွေ့တာမျိုးကို လိုချင်တယ်

ခွန်း က ပြန်မေးသည်။

"Lord လာတာလား....."

"အခု Lord အရမ်းဖျားနေတယ်...ဆေး..."

စကားတောင်မဆုံးသေး....သူမဝတ်ထားတယ့် ​Long dress လေးကို မ ကာ ပြေးတော့သည်။

"Lord......"

ခေါင်းထဲ မှာ စိုးရိမ်မှုတွေ တသီတသန်းနှင့်ပင်...

"Lord......"

ဦးနှောက်ထဲမှာ သူတစ်ယောက်ပဲ ကြီးဆိုးနေတယ်။

နှင်းစက် က ခွန်း နောက်မလိုက်မှီ.... ဆူးရဲရဲကိုကြည့်ကာ....

"တဂယ်တော့....မမလေးလဲ...အစေခံအယောင်ဆောင်ပြီး Lord ကို သွားသွားကြည့်တာ...အ​ကြိမ်ပေါင်းမနည်းပါဘူး..."

ကျန်ခဲ့တယ့် ဆူးရဲရဲ တစ်ယောက်က

"သူတို့နှစ်ယောက် က တဂယ်ကို ထူးဆန်းတယ်...
ဘာတွေမှန်းကို မသိဘူး"

"ကျွန်မ Goddess ဆီ ပြေးလိုက်ပါအုံးမယ်...ခွင့်ပြုပေးပါ"

"သွား...သွား...."

ချက်ချင်း ရဲတိုက်ထဲ ပြေးဝင်လာသည့် ခွန်း

ခွန်း အနောက်က နေ နှင်းစက် ဖြူစင်နွယ်..နောက်ဆုံး ရဲတိုက်မှူး တွေပါ လိုက်ရသည်။

အရှင့်ရဲ့အသုံးတော်ခံ (OR) Lord ရဲ့ သတို့သမီး 🔞Where stories live. Discover now