ပြုံး​ေ​ရာင်ဟပ်​မျက်​ဝန်​း - ၁၀၉

Start from the beginning
                                    

'ချစ် ကိုယ် အဆင်သင့် ဖြစ်နေပီ ၉ နာရီနော် မမေ့နဲ့'
ဆိုပီး ပို့လိုက်သည်။ ပြန်စာမရ၍ ကျွန်တော် အောက်ဆင်းပီး မနက်စာဆင်းစားလိုက်သည်။

kit//
ကျွန်တော် မနက်ရောက်တော့ ၇ ခွဲလောက်နိုးတော့ ရေအမြန်ချိုးပီး ပစ္စည်းတွေကို ယူဖို့ အခန်းဝမှာ အဆင်သင့်လုပ်ထားလိုက်သည်။ ၈ နာရီ ကျော်လောက်ရောက်တော့ par အခြေအနေသိချင်လို့ အောက်ကို ဆင်းခဲ့သည်။ mom က အနောက်မှာ အလုပ်ရှုပ်နေတော့ ကျွန်တော်က

''mom သားသွားတော့မယ်''

''စောလိုက်တာ သားရဲ့''

''၉ နာရီ လာမယ်ပြောထားတာ စောစောသွားတော့မယ် par ရော''

''အထဲမှာအိပ်နေမှာပေါ့''

''အော် mom သားကို မုန့်ဖိုးပေးလိုက်ဦးလေ''

''သား အကောင့်ထဲမှာ ရှိသေးတယ်လေ''

''သွားထုတ်ရမှာ လက်ထဲ နည်းနေလို့''

''အေးအေး သူငယ်ချင်းတွေနဲ့တွေ့မှာဆိုတော့ ယူသွားလေ ခဏလေး mom အခန်းထဲသွားယူဦးမယ်''

''mom မြန်မြန်လေး''

''အေးပါ''

mom က ထွက်သွားတော့ အနောက်ကလိုက်သွားပီး အခန်းဝတွင် ရပ်စောင့်နေလိုက်သည်။ mom က ထွက်လာပီး ပိုက်ဆံအထပ်လို်က်တစ်ထုတ် လှမ်းပေးပီး

''သား ပိုရင် သား အကောင့်ထဲ ထည့်ထားလိုက်နော်''

''ဟုတ်''

''သတိထားသွား''

''mom par ရော''

''မင်းကို ကျောင်းမပို့ရလို့ဖြစ်မယ် အေးအေးဆေးဆေး အိပ်နေတယ် ဘာလဲ par ကို ပို့ခိုင်းမလို့လား''

''အာ မပို့ခိုင်းပါဘူး သွားတော့မယ် mom  ချစ်တယ်နော်''

''အမလေး အေးပါ mom လည်း ချစ်ပါတယ်''

ကျွန်တော်က mom ကိုဖက်ပီးပြောလိုက်တော့ mom က ပြန်ဖက်ပီး ပြောသည်။ ကျွန်တော်က mom ပါးကို နမ်းလိုက်တော့ mom က

''အယ် ဒီကလေး ဘာတွေဖြစ်နေတာလဲ ချွဲလို့ပါလား ဟင်း ဟင်း''

''သွားပီနော် ''

''အေးအေး''

ကျွန်တော်လည်း အပေါ်အမြန်တက်ပီး အထုတ်တွေယူကာ ထွက်လာခဲ့သည်။ par နိုးလာမှာ စိုး၍ အမြန်ထွက်လာခဲ့ရသည်။ နာရီကြည့်တော့ ၈ နာရီ ခွဲနေပီ ကျွန်တော်လည်း ဆိုင်ကယ်ကယ်ရီစီးပီး p'တို့ ရပ်ကွက်ထိပ်က စားသောက်ဆိုင်ကို ရောက်လာခဲ့သည်။ ဖုန်းဆက်ဖို့ ကြည့်လိုက်တော့ message ပို့ထားတာတွေ့သည်။ ကျွန်တော် ဖုန်းခေါ်လိုက်သည်။ တစ်ဖက်မှ p' က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now