"ဒါပေမယ့် လက်ကတော့ မိန်းမကို ဖက်ထားရလို့ မအားဘူးခင်ဗျ ပါးစပ်ထဲကို အရောက်ပို့ပေးမှ ရမှာ"

သော်တာ ချစ်မျက်စောင်းလေး ရွယ်လိုက်ရင်း ခွက်ထဲကိုငှဲ့ကာ တိုက်တော့မှ သောက်တော်မူသည်  ....

''လက်ညောင်းရင် ပါးစပ်နဲ့တိုက်လည်း ရတယ်လို့"

'''တော်ပါ ကလေးကလားတွေ""

''အဟွန်း ကိုယ်က မိန်းမနဲ့ဆိုရင်တော့ ကလေးပဲ ရှိသေးတာလေ နို့တောင် မပြတ်သေးဘူး ''

''ကိုကိုကြီး!!!!'''

'''ဟားဟားဟား'''

'''အားလေးရှိလာရင် ဇာတိကပြလာပြီနော် ဟွန့်''

'''အဟားဟား ''

''အား ရီလိုက်ရင် ဗိုက်ကြောတွေ နာတာကွာ''

''ရွတာကို ကောင်းတယ်  နာတာနည်းတောင် နည်းသေးတယ်''

''မိန်းမကလည်းကွာ ''

အိသဲက စားစရာတွေ ရောက်လာကာ လာပို့တာက မနည်းမနောကြီးမို့ ဒီရဲနဲ့ဆန်းတိုးပါ တစ်ခါထဲ လိုက်လာကာ တံခါးလိုက်ဖွင့်ပေးကြသည် ....
တံခါးကို အသာလေး ဟလိုက်ရုံရှိသေး အထဲက သူတို့ဆရာချွဲပစ်နေတာကြီးကို ကြည့်ကာ သုံးယောက်သားခမျာ ပါးစပ်တွေ ပြန်မပိတ်နိုင်ကြတော့ ....

ဒီရဲက တံခါးကို အသံမမြည်အောင် ပြန်ပိတ်လိုက်ရင်း....

"အိသဲ ကိုစိုးသိန်းကော ကိုနေတင်လို ချွဲတတ်သလား"

''အိုး ပေါက်ပေါက်ရှာရှာ ကိုစိုးက သေလိုသာသွားတယ် တစ်ခါမှ ဒီလို မချွဲဖူးပေါင်''

''အေး ငါထင်ပါတယ်  ငါတို့ဆရာပဲ ဒါမျိုးတွေ တတ်တာနေမှာ ''

''လူပုံကြီး ကြည့်ရင်တော့ မထင်ရဘူးနော် ''

'''ဟာ မင်းတို့ကလည်း သူ့မိန်းမသူချွဲတာ ဘာဖြစ်သလဲကွ''

"ဘာမှတော့ မဖြစ်ဘူးပေါ့ကွာ မရီးက ငယ်ငယ်လေးဟာကို ကိုနေတင်က ကပ်ချွဲနေတာကို ငါက ရီချင်လို့ပါ''

''အမှန်ကတော့ ဒီရဲရာ မင်းတို့ ငါတို့က သူ့နားမှာ တစ်ချိန်လုံး အနီးကပ် ရှိနေခဲ့ပေမယ့် ကိုနေတင်က အခုလိုတွေလည်း နေမကောင်း မဖြစ်ဖူးဘူး တော်ရုံတန်ရုံဖြစ်တာမျိုးဆိုလည်း သူက ဂရုတောင် မစိုက်ဘူးဆိုတော့ အခုလို ပြုစုတာမျိုးတွေလည်း မခံရဖူးဘူးလေကွာ ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now