''အာ အဖျားသွေး ရှိနေတယ်လေ ကိုကိုကြီးရယ် ''

''နေရတာ စိတ်မသန့်ဘူးကွာ မိန်းမက မွှေးကြိုင်နေပြီး ကိုယ်က ညစ်ပတ်နေသလိုကြီး''

''ဪ မညစ်ပတ်ပါဘူး အနော်က ရေသေချာ ဆေးပေးထားတဲ့ဟာကို ညစ်ပတ်လည်း ရတယ် ဘာမှ မဖြစ်ဘူး အနော် မရွံပါဘူး''

''နည်းနည်းလေးတော့ ရေလောင်းဆေးပစ်လိုက်မယ်ကွာ နော် ''

''အဲဒါဆိုလည်း အောက်ပိုင်းကိုပဲ ဆေးရအောင်လေ အပေါ်ပိုင်းကိုတော့ အနော် ရေပတ်တိုက်ပေးမယ်''

''အိုခေ''

ရေချိုးခန်းထဲမှာ ကိုကိုကြီးကို shower cream သုံးကာ ရေသေချာ လောင်းဆေးပြီးတော့ တဘက်ပတ်ပေးကာ ကုတင်ပေါ်မှာ ထိုင်ခိုင်းထားလိုက်သည်

အဆင်သင့် ယူလာတဲ့ ရေခွက်ထဲမှာ တဘက် ခပ်သေးသေးကို ရေညှစ်ကာ ရေဘတ်တိုက်ပေးတော့ ကလေးကြီးလို ကျေနပ်ကာ ပြုံးနေရှာလေသည်....

သနားဖို့ကောင်းလှတဲ့ ကိုကိုကြီး ဒီလို ကြင်ကြင်နာနာ ပြုစုတာမျိုးကို မခံရဖူးဘူး ထင်ပါရဲ့ .....

ရေဘတ်တိုက်ပေးပြီးတော့ တဘက်ကြီးနဲ့ပြန်သုတ်ကာ အင်္ကျီတစ်ထည်ကို ရေမွှေးဆွတ်ကာ ဝတ်ပေးလိုက်သည် .....
ကြယ်သီးတပ်ပေးနေတော့ သော်တာကို ပြုံးကြည့်နေတာများ မျက်တောင်လေး တစ်ချက်တောင် ခတ်ရဲ့လားမသိ ....

"အာ ဘာလို့ အဲလောက်တောင် လာကြည့်နေရတာလဲလို့ '"

သော်တာ့ရင်ခွင်ထဲကို  တိုးဝင်လာကာ ...

"ချစ်လို့ပေါ့ မိန်းမရယ် "

''ကိုယ်နေမကောင်းတာကို အရိပ်တကြည့်ကြည့်နဲ့  ပြုစုပေးနေတဲ့ ဇနီးအလိမ္မာလေးကြောင့် ရောဂါတစ်ဝက်က အလိုလို ပျောက်သွားပြီလို့''

သော်တာ ကိုကိုကြီးရဲ့ ဆံပင်တွေကို သပ်တင်ပေးလိုက်ရင်း....

''အဟင်းဟင်း လူကြီးက မထင်ရဘူးနော် အရမ်းချွဲတတ်တာပဲ"

''မိန်းမကို အရမ်းချစ်လို့ပါဆိုကွာ  နေလို့မကောင်းတော့ ဒီလိုလေး ကပ်ချွဲနေချင်လို့''

''ချွဲချင်ရင် ဓါတ်ဆားရည်လေးတော့ ဝင်အောင်သောက်နော် ....."

ကဲ တိုက်ဗျာ မသောက်ချင်ပေမယ့် ကိုယ့်အသက်ကသာ တိုက်လို့ကတော့ သုနေတင်ထွဋ်တို့က သောက်ပြီးသားပဲ ဘာလာလာ ရတယ်  '''

⚜️Nay Tin's Love Story⚜️Where stories live. Discover now