''ဟွန့်''

''မနက်မိုးလင်းရင် ထပ်ချော့မယ်ကွာ အခုတော့ မိုးအရမ်းချုပ်နေပြီ အိပ်ကြစို့နော် ကလေး''

''မအိပ်ပါဘူး ဘာလို့ အိပ်ရမှာလဲ မိုးချုပ်တယ် ပြောနေရအောင် ဦးနေတင် ပြန်လာတဲ့ အချိန်ကိုလည်း ကြည့်အုံးလေ''

''အားလုံးက အိိပ်နေကြပြီဆိုတော့ မကောင်းဘူးလေ ကလေးရယ် အဲဒါကြောင့်ပါ''

''ရတယ် အဲဒါဆို မိုက်မပါပဲ ဆိုပြမယ် အဓိကက ဦးနေတင်ကြားရဖို့ပဲ''

''ကိုယ်က ရပါတယ် ကလေးအိပ်ရေးပျက်မှာစိုးလို့ ပြောနေတာ ''

သက်ကလေးက သူ့ဗိုက်ကလေးကို ခပ်ဖွဖွအုပ်ကိုင်လိုက်ရင်း...

''Baby လေးရေ ဒီတစ်ညတော့ သည်းခံပေးနော် မလိမ္မာတဲ့လူကြီးကို မေမေက ဆုံးမရမှာမို့"

''အာ ''

ချော့မရ ပြုမရနဲ့ ဂျီတိုက်နေတဲ့ သူ့ကလေးဟာ သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် မနားတမ်း ဆိုနေလေသည် ဆိုနေရင်းနဲ့ မောလာလို့လားမသိ  အသံကို မြှင့်မထားတော့ပဲ ခပ်တိုးတိုးလေး ဆိုနေတော့ နားထောင်ရတာ တော်တော် အဆင်ပြေလှသည်....

သူ့ကို စိတ်ကောက်မှပဲ ပူတူးက သီချင်းတွေ အများကြီး ရနေတာကို သူသိရတော့သည်....

သီချင်းဆိုလိုက် ရေသောက်လိုက် အချိုရည်လေးသောက်လိုက် ခဏနေ မုန့်စားလိုက် အသီးအနှံလေးတွေ စားလိုက်နဲ့ မိုးစင်စင် လင်းသွားတော့သည် ....

အတော်မောသွားပုံရတဲ့ သူ့ကလေးဟာ မိုးလင်းမှ ကုတင်ပေါ်တက်ကာ  ဝင်အိပ်သွားတော့သည်....
သူကတော့ မိုးလင်းရင် မအိပ်တတ်တဲ့သူမို့  မျက်နှာသစ်ရေချိုးပြီး အောက်ကို ဆင်းလာခဲ့တော့သည်....
_
_
_
_
_
သူအောက်ဆင်းလာပြီး ခဏလောက်နေတော့  အိမ်ထဲကို ဆန်းတိုးဝင်လာလေသည်....

"ဟိုကောင် ဒီရဲ ဘယ်မှာလဲ မလာသေးဘူးလား''

''ဒီနေ့ ကျွန်တော်သွားရမယ့်နေရာကို သူသွားလိုက်မယ်တဲ့ ကျွန်တော်ကို ကိုနေတင်နဲ့ နေခဲ့တဲ့''

''ဟော ခွေးမသား လုပ်ပြီ သူ့အကြောင်း သူသိတော့ လစ်ပြီ''

''ညက ဘာတွေ ဖြစ်လာကြတာလဲ ဒီရဲက ပြန်ရောက်ကတည်းက တခွီးခွီးရီနေတာ
ဘာရီနေတာလဲ မေးတော့လည်း မပြောဘူး ကိုနေတင်ကို သွားမေးတဲ့ ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now