အခန်း ၁၁ ဒီခွေးကောင်က ဘယ်လိုဖြစ်လို့ အရမ်းကြောက်စရာကောင်းသွားတာလဲ

327 57 9
                                    

အခန်း ၁၁  ဒီခွေးကောင်က ဘယ်လိုဖြစ်လို့ အရမ်းကြောက်စရာကောင်းသွားတာလဲ

မငြင်းနိုင်စွာဘဲ ဤ *ပင်းကျောက်* CEO က
အချိန်တိုအတွင်း ရေချိုးလို့ ပြီးသွားတယ်။
ရေချိုးဝတ်စုံနဲ့ ပုဝါကို ဝတ်ပြီး ထွက်လာချိန်
ရှန်ယွီက RV ပြတင်းပေါက်အနီးတွင် လဲလျောင်း
ပြီး အပြင်အား ကြည့်နေတာကို သူမြင်လိုက်ရတယ်။

(*possessive type ပါတဲ့)

——'ဂျာဗေစ့် ရဲ့ eight-pack တွေကို ငါနောက်ဆုံးအကြိမ်မြင်ခဲ့တာ နှစ်ဝက်‌တောင်ရှိသွားပြီ။ သူတို့က သိသိသာသာပဲ ကြံ့ခိုင်နေတာ
*ကျစ်ကျစ်ကျစ်* အဲ့ဒီချောမွေ့နေတဲ့ ကြွက်သားလိုင်းတွေကို ကြည့်ပါဦး။ သူ့ပုံသာ တရုတ်မှာ
ပျံ့နှံ့သွားရင် သန်းနဲ့ချီတဲ့ ဖန်တွေကို ဆွဲ‌ဆောင်နိုင်လိမ့်မယ်'

——'ရိုင်ဒါ လဲ မဆိုးပါဘူး။ သူ့ရဲ့ ရေသူမလိုင်းက အရမ်း sexy ကျပြီး သူ့တင်ပါးတွေက အတော်လေး မို့မောက်နေတာ။ ထိလိုက်ရင် အရမ်းခံစားလို့ကောင်းမှာပဲ'

ဖန်းစစ်ရွေ့၊ "........." ငါတို့က ကွာတောင်
မကွာရှင်းရသေးဘူးလေ ဒီကောင်က နောက်ထပ်
သင့်တော်သူရှာဖို့ မစောင့်နိုင်တော့ဘူးလား!

'မင်းက ဒီလိုလူဆိုတာ ငါမမျှော်လင့်ခဲ့ဘူး၊
ရှန်ယွီ'

သူက နှလုံးသားထဲမှ ဒေါသကို ဖိနှိပ်ပြီး တင်းတင်းကြပ်ကြပ်ဝတ်ထားတဲ့ ရေချိုးဝတ်ရုံနဲ့
သူ့ကိုယ်ပေါ်က ညအိပ်ဝတ်စုံကို ချွတ်ချကာ အောက်ခံဘောင်းဘီပဲ ချန်ထားလိုက်တယ်။ ပြီးနောက်သူက လည်ချောင်းရှင်းပြီး အသံနိမ့်နိမ့်နဲ့ပြောလိုက်တယ်။ "မင်းဘာလုပ်နေတာလဲ"

—— 'ဖာခ့် လောင်ဇီ လန့်ပြီ သေတော့မယ်'

ရှန်ယွီက စွဲထင်နေတဲ့ကြောက်ရွံ့မှုတွေနဲ့ နောက်ကိုလှည့်လာပြီး ရေစက်တွေကျနေသေးတဲ့ကြံ့ခိုင်သန်မာတဲ့ ခန္ဓာကိုယ်ကိုတည့်တည့် ရင်ဆိုင်လိုက်မိတယ်။ သူ့မျက်စံတွေက မရည်ရွယ်ပါဘဲ ပြူးကျယ်သွားပြီး " ရွေ့ ရွေ့ ကော၊ ရွေ့ကော ရေချိုးပြီးပြီလား။ ဘာလို့ ညအိပ်ဝတ်စုံမဝတ်တာလဲ။ ကောအအေးမိသွားဦးမယ်"

You've reached the end of published parts.

⏰ Last updated: Apr 14 ⏰

Add this story to your Library to get notified about new parts!

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now