အခန်း ၂

893 141 8
                                    

အခန်း ၂ - အမှန်တိုင်းပြောရရင်, အရင်က
ငါ့ကို လေ လို ဆက်ဆံခဲ့တာပါ ။ သူက ဘာကြောင့်ရုတ်တရက် အမြင်မှန် ရသွားတာလဲ?

E title: The Sickly CEO Asks For Hugs Everyday After Obtaining The Ability To Read Minds

Author : 妖精本妖

Associated Names :
穿书:病娇大佬有了读心术后天天求抱抱

MM Translator : Li Soung Oo

Date: December 9 , 2023

........................

ဝှီးချဲလ်ပေါ်ထိုင်နေတဲ့ အမျိုးသားက
နက်မှောင်တဲ့ မျက်ခုံး, ထက်ရှတဲ့
မျက်လုံးများနှင့် လုံးဝကို ပြီးပြည့်စုံနေတဲ့ ရွှေရောင်အချိုးအစား မျက်နှာတစ်ခု
ရှိသည် ။ သူပြုံးသည်ဖြစ်စေ
မပြုံးသည်ဖြစ်စေသူ့မျက်နှာ၌
နက်ရိူင်းတဲ့ အကြင်နာမဲ့
ရက်စက်ခြင်းတွေက ထင်ရှားနေဆဲပဲ ။
သူ့မျက်နှာမှာ ' ငါ့နားကိုလာရင် သေမယ်'
ဆိုတဲ့ ပင်ကိုယ်စရိုက် အချို့ကို ထွင်းထု
ထားပုံပေါ်သည် ။

ရှန်ယွီက သူ့နှလုံးသား ထဲမှာ သိမ့်သိမ့်တုန်
သွားရပြီး သူ့ရဲ့ စူးစိုက်အကြည့်ကို အမြန်
ပြန်ရုပ်သိမ်းကာ ယန်ရွေ့ချင် ကို နောက်
တစ်ကြိမ် ဖျက်ကနဲ ကြည့်လိုက်တယ် ။

သူ မတတ်နိုင်စွာ သက်ပျင်းချလိုက်မိသည်,
ဒီခေါင်းမကောင်းတဲ့ အမျိုးသားဇာတ်လိုက် ကကြာပန်းဖြူလေးအတွက်
အကောင်းဆုံး တွဲဖက်ဖြစ်နေဆဲပဲ။
ဒါကြောင့် ဒီရွံ့ ဗွက်အိုင်ပေါ်ကို
သူ ​ခြေမလှမ်းတာအကောင်းဆုံးပဲ ။

ကွာရှင်းပြီးရင်,သူ ဖြစ်နိုင်သမျှ မြန်မြန်ပြေး
ရမယ်!

ဖန်းစစ်ရွေ့ ၏ သက်တော်စောင့်က သူတို့ဆီ
လျှောက်လာပြီး ကြာပန်းဖြူလေးကို
ထရပ်ဖို့ ကူညီပေးနေသည်။ နူးညံ့ ပေမဲ့
မျက်တွင်းကျနေတဲ့ သူ့ မျက်နှာက
နစ်နာချက်တွေ အပြည့်နှင့်,
" ရွေ့ကော, ရှန်ယွီ ကော ကို
အပြစ်မတင်ပါနဲ့ ။ သူ ရည်ရွယ်ပြီး
လုပ်တာမဟုတ်ပါဘူး"

" ကျွန်တော် သူ့ကို မတွန်း ဘူး... "
ရှန်ယွီ က မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး မဟုတ်တရုတ်ပြောတော့သည်, သူ့မျက်နှာက ရိုးသားမူနဲ့ စိတ်ဓာတ်ကြံ့ခိုင်မူ
အပြည့်ပင် ။ဗီလိန်တစ်ယောက်ရဲ့ ဉာဏ်နီဉာဏ်နက် နဲ့ သူတော်ကောင်း
ယောင်ဆောင်မူကို အကြည့်အဝ
ပြသကာ, "သူက သူ့ဘာသာ
လှဲချပြီး ကျွန်တော့်ကို ကြံစည်တာ!"

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now