အခန်း ၄ - မင်းဘယ်လို လှည့်ကွက်တွေကစားနိုင်မလဲ ကြည့်ရအောင်

651 116 3
                                    

အခန်း ၄ - မင်းဘယ်လို လှည့်ကွက်တွေကစားနိုင်မလဲ ကြည့်ရအောင်

E title: The Sickly CEO Asks For Hugs Everyday After Obtaining The Ability To Read Minds

Author : 妖精本妖

Associated Names :
穿书:病娇大佬有了读心术后天天求抱抱

MM Translator : Li Soung Oo

Date: December 28 , 2023
........................

တဆစ်ဆစ် နာကျင်နေသည့် တင်ပါးတွေကိုပွတ်
ရင်း ရှန်ယွဲ့ဟာ တစ်ပတ်ရစ် နာနီကားထဲကို
ဝင်လိုက်ပြီး သူစိတ်များ ပရမ်းဗတာ
ဖြစ်နေဆဲ​ပင်။

အိမ်ထောက်သက် သုံးနှစ်ကြာပြီးနောက်မှာ
ရင်းနှီးတဲ့ လှုပ်ရှားမှု တစ်စုံတစ်ရာ ဒါမှမဟုတ် နာမည်ပြောင် အကြောင်းကို မပြောနဲ့
ခင်ပွန်းနဲ့ဇနီး အတွဲလိုက် အတူ ရှိနေတဲ့ ရက်က
လက်တစ်ဆုပ်စာပဲရှိတာ။

အခုတော့ ခွေးသွေးဝတ္ထုရဲ့ လွှမ်းမိုးချုပ်ကိုင်
ပြီး ရက်စက်တဲ့ ဥက္ကဌက သူ့ကို တကယ်ကြီး
မှင်စာလေးလို့ခေါ်ပြီး သူ့အမုန်းတရား
တွေကို မဖြေရှင်းနိုင်သလိုမျိုး သူ့တင်ပါးကို
ပြင်းပြင်းထန်ထန် ကြီးကို ညှစ်လိုက်တာ...

ဒီလို ဒွိဟဖြစ်နေတဲ့ ဖြစ်ရပ်ကို ရှန်ယွီ အံ့အား
သင့်သွားတာ မပြောနဲ့ သူ့နောက်က
ကိုယ်ရေးကိုယ်တာ လက်ထောက်တောင်
သူ့ပါးစပ်က သွားရည်တွေကျလာတဲ့အထိ
အတော်ကြာအောင် ပါးစပ်ကြီးဟနေတာ။

ချင်ယွီဟန် က သူ့အား မျက်လုံးမှိတ်အချက်ပြပြီး သူမ လည်ချောင်းကို ဖိညှပ်ကာ သူ့ကို ရှက်ကိုးရှက်ကန်း မေးလာသည်,
"မင်းတို့ရဲ့ ဇနီးမောင်နှံ ဆက်ဆံရေးက
အရမ်းကောင်းတာကို ဘာကြောင့် ဖုံးကွယ်
ချင်နေတာလဲ"

ဖာခ် -ီးပဲ!

ရှန်ယွီ ဟာ ဆိုဖာပေါ်ထိုင်ပြီး သူ့နှလုံးသားထဲ၌
သတ်ပုတ်နေလေသည်။

"ဘယ်ကိုသွားမှာလဲ" ဒရိုက်ဘာက သူ့ခေါင်း
ကိုလှည့်၍မေးလာသည်။

"အိမ်ပြန်မယ်" ရှန်ယွဲ့ဟာ စိတ်ဓာတ်ကျနေသည့်
ပုံစံနှင့် ပြောလိုက်သည်။

သူ ကောင်းကောင်း အိပ်လိုက်ရမယ်
အဲ့လိုမှမဟုတ်ရင် ဖန်းစစ်ရွေ့ ရဲ့
ရူးသွပ်မှုကို ကြောက်နေရလိမ့်မယ်။

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now