အခန်း ၇ - ဒီခွေးကောင်မှာ သေချာပေါက် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိရမယ်

627 131 9
                                    

အခန်း ၇ – ဒီခွေးကောင်မှာ သေချာပေါက် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေရှိရမယ်

ရှန်ယွီဟာ အင်တင်တင်နှင့် သူ့ယောကျာ်း နောက်မှ သန့်စင်ခန်းထဲလိုက်သွားခဲ့ရ
သည်။ VIP လမ်းကြောင်းဖြစ်တာကြောင့် အတွင်းမှပစ္စည်း များဟာ တန်ဖိုးကြီးပြီး
သီးသန့်ဆန်လှသည်။ အခန်းငယ်လေးထဲကို ပစ်ထည့်ခံရပြီးသူ့နောက်ကျောဟာ
သတ္ထုပြားနှင့် ရိုက်မိသွားချိန်အထိ
အသံတစ်သံတောင် မထွက်နိုင်။

သူက မသက်မသာနှင့် ခေါင်းကိုမော့
လိုက်သော်လည်း ဖန်းစစ်ရွေ့ ကို
ကြင်နာစွာမေးလိုက်သည်။
"တစ်ခုခုမှားနေလို့လား ရွေ့ကော "

"ကျွန်တော် ကောကို မပျော်အောင်လုပ်တဲ့
တစ်ခုခု ပြောမိလို့လား"

"ငါက ဟုတ်တိုင်းမှန်ရာဒဲ့ ပြောတတ်တဲ့သူတစ်ယောက်ဆိုတာ မင်းလဲသိပါတယ်။
ငါ့မှာ ဆင်ခြင်တုံတရားလဲ ရှိသေးတယ်.."

"ငါနဲ့ ယန်ရွေ့ချင် ကြားက ဆက်ဆံရေးက
မင်းတွေးနေသလို မဟုတ်ဘူး..."
ဖန်းစစ်ရွေ့ ဟာ ရှန်ယွီ၏ တောင်စဥ်
ရေမရ စကားများကို အဆက်ဖြတ်ကာ
သူ၏ နက်ရှိုင်းသည့်မျက်လုံးများက
ရှန်ယွီ၏ နူးညံ့ ပြီး လှပသည့်
မျက်နှာပေါ်ကျရောက်သွားကာ
အနည်းငယ် ငေးမောမလို ဖြစ်သွားရင်း
ဆက်ပြောလိုက်၏။
"ငါတို့ လက်ထပ်ထားတဲ့ အချိန်အတွင်း
ကိုယ်နဲ့ စိတ်ကိုမပြောနဲ့ လှည့်စား
ဖောက်ပြန်တဲ့ အပြုအမူလေး တစ်ခုတောင်
မလုပ်ထားဘူး"

ရှန်ယွီ,"......."

——'ဒီခွေးကောင်က ငါ့ကို ဒီကိစ္စကို ရှင်းပြဖို့
ကြိုးစားနေတာလား။ အခု နည်းနည်းလေး
နောက်ကျနေပြီလို့ မင်းမထင်ဘူးလား။
ကြာပန်းဖြူကောင်က ငါ့ရှေ့မှာ ဟိတ်ကြီးဟန်ကြီးနဲ့ ကြွားလုံးထုတ်ပြီး
သူက မင်းနဲ့ဘယ်လို အိပ်ခဲ့ပါတယ်လို့ တိတ်တဆိတ်ပြောတာ ဘယ်နှစ်ကြိမ်တောင်လဲ။
မင်းပြောတာတွေကို ငါယုံမယ်ထင်နေတာလား'

"အား!!" ဖန်းစစ်ရွေ့ဟာ သူ့ကို အောဟစ်မိလု
နီးပါးပင်, " ငါ့မှာ ငါ့ရဲ့ အနမ်းဦးတောင် ရှိသေးတယ်။ အိပ်တာက ဘယ်ကနေလာတာလဲ"

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now