အခန်း ၉ - ဖန်းစစ်ရွေ့ကို ခိုးယူခွင့်မပေးဘူး

477 89 0
                                    

အခန်း ၉ – ဖန်းစစ်ရွေ့ကို ခိုးယူခွင့်မပေးဘူး



A မြို့၏ သယ်ယူပို့ဆောင်ရေးဟာ
အတော်လေးအဆင်ပြေလှသည်။
ခရီးသည်များ ရွေးချယ်နိုင်ရန်အတွက်လေဆိပ်အနီးတွင် မြေအောက်ရထားနှင့်
ဘက်စ်ကားဂိတ်များရှိသည်။

သူ့ရဲ့ ခရီးဆောင်သေတ္တာကို သယ်ရင်း
ရှန်ယွီဟာ အခက်အခဲမရှိ ဝန်ဆောင်မှု
စင်တာကိုလျှောက်သွားလိုက်သည်။
သူက ဝန်ထမ်းကိုအင်္ဂလိပ်လို
ကျွမ်းကျင်စွာ ပြောပြီး ခဏအကြာတွင်
နှစ်ကဒ်စာအတွက် ငွေစက္ကူသုံးလိုက်သည်။
ထို့နောက် သူဟာ ဖန်းစစ်ရွေ့ ကို တစ်ကဒ် ကမ်းပေးလိုက်၏။

"ယူလိုက်။ မပျောက်စေနဲ့။ ဒီရက်အနည်းငယ်အတွင်း ကျွန်တော်တို့
လိုလိမ့်မယ်"

ဖန်းစစ်ရွေ့ဟာ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ်  ဒီလိုမျိုးကဒ်ကို ယူပြီး
၎င်းကို လက်မနှင့် ဖြည်းဖြည်းချင်း
ပွတ်သပ်ကာ၊
"ငါတို့က တစ်ချိန်လုံး မြေအောက်ရထားနဲ့
သွားရမှာလား"

"A မြို့က taxi တွေ စျေးကြီးတယ်၊ မြေအောက်ရထားစီးတာက ပိုအဆင်ပြေတယ်။ လောင်ကုန်း အရင်က တစ်ခါမှ
မစီးဖူးဘူးလား"
ရှန်ယွီက သူ၏ လှပပြီးတလက်လက်တောက်ပနေသည့် မျက်လုံးများနှင့်
မေးလိုက်သည်။

ဖန်းစစ်ရွေ့ဟာ မသိစိတ်အရ သူ့ရဲ့
ကိုယ်နေဟန်ထားကို ဖြောင့်တန်းစေ
လိုက်ပြီး၊ "ဒါပေါ့ ငါစီးဖူးတယ်"

——'ဒီခွေးကောင်က ရွှေဇွန်းကိုက်ပြီး
မွေးလာတာလေ။ မြေအောက်ရထား
ထဲမှာ တိုးဝှေ့ဖို့  အခွင့်အရေး
ဘယ်လိုလုပ်ရှိမှာလဲ'

——'ဟားဟားဟား ရှက်စရာကောင်းတဲ့ အခြေအနေနဲ့ သူ့ကိုတွေ့ဖို့ အခွင့်အရေးလာပြီကွ။ကင်မရာမန်း ဖြစ်စဥ်တစ်ခုလုံးကို အသေးစိတ်ရိုက်ကူးပေးနိုင်မလား'

ရှန်ယွဲ့၏ မျက်လုံးများက ကင်မရာနှင့် မျက်နှာချင်းဆိုင်ချိန် ပြုံးနေသည်။ ထိန်းချုပ်မရသည့်ပျော်ရွှင်မှုက
သူ့မျက်လုံးများကို
တလက်လက်တောက်ပသွားစေ၏။
သူ့ရဲ့ နူးညံ့တဲ့ မျက်နှာအသွင်အပြင်ဟာ အလင်းရောင်အောက်တွင် ပိုလို့တောင်
ညို့ယူဖမ်းစားနေသည်။

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now