အခန်း ၈ - ရှန်ယွီရဲ့ အမြောက် ပါးစပ်ကို ငါရုတ်တရက်မေ့သွားမိတယ်

690 121 0
                                    

အခန်း ၈ –  ရှန်ယွီရဲ့ အမြောက် ပါးစပ်ကို ငါရုတ်တရက်မေ့သွားမိတယ်


လေထုက ကြောက်စရာကောင်းလောက်အောင်ပြောင်းလဲသွားပြီး ပရိုဂရမ်အဖွဲ့
ကလဲ ကိစ္စများကိုအဆင်ပြေအောင်
လုပ်ရန် အပြေးအလွှားရောက်လာ
ခဲ့သည်။
"အထင်လွဲရုံသက်သက်ပါ၊ လူတိုင်း
တတ်နိုင်သမျှ အဆင်ပြေအောင် ကြိုးစားပေးပါ၊ လမ်းတစ်လျှောက်လုံး ပူးပေါင်းလုပ်ဆောင်ရမဲ့နေရာတွေအများကြီး
ရှိနေပါသေးတယ်..."

"အခု လေယာဥ် တတ်ဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ အားလုံးပဲ မင်းတို့ရဲ့ ဖြတ်သန်းခွင့်ကို ယူပြီးခရီးဆောင်သေတ္တာ စစ်ဆေးဖို့ အာရုံစိုက်ကြပါ။မင်းတို့ရဲ့ အထုတ်အပိုးတွေကို နေရာမှားမထားကြပါနဲ့ ။ လေကြောင်းခရီးလုံခြုံရေးအတွက် လေယာဥ်ဆင်းပြီးနောက်မှ ရိုက်ကူးရေးဆက်ပါမယ်"

မုန်တိုင်းပြီးနောက် ဖန်းစစ်ရွေ့ဟာ နောက်ထပ်စကားမပြောတော့ချေ။

သူဟာ မျက်နှာပေါ်၌ အလွန်
မဖော်ရွေသည့်အကြည့်တစ်ခုနှင့်
လင်းလုဖေးကို တစ်ချက်ကြည့်ပြီး
ရန်လိုစိတ်အနည်းငယ် လွှမ်းခြုံနေ
ခဲ့သည်။

လေယာဥ်ပေါ် တတ်ပြီးနောက်
ယန်ချီချီ ကအသံတိုးတိုးနှင့်
တောင်းပန်လာခဲ့သည်၊
"လုဖေးကော ကျွန်တော်တောင်းပန်
ပါတယ်။ကျွန်တော် မမျှော်လင်..."

သူတို့နှစ်ဦးဟာ သဘောတူစာချုပ်ဖြင့်
လက်ထပ်ထားပြီး ဖန်းစစ်ရွေ့ က
ရှန်ယွီကို လုံးဝ သဘောမကျဟု
သူထင်ခဲ့သည်။

သို့သော် ဖန်းစစ်ရွေ့ ဟာ ရှန်ယွီကို
ကာကွယ်ရန်သူ့ခင်ပွန်းနှင့်
မျက်နှာပျက်ရန် ဆန္ဒရှိနေခဲ့သည်။

အရင်က ကောလဟာလတွေအားလုံးက
အမှားတွေလား။

"မင်းဘာလို့ အမြဲတမ်း ရှန်ယွီကို
ဦးတည်ချက်ထားနေတာလဲ" မတိုင်ခင်က စကားတစ်ခွန်းမှမပြောသည့်
လင်းလုဖေးက ရုတ်တရက်ထမေး
လာသည်။

ယန်ချီချီ၏ ပါးစပ်ထောင့်များက တောင့်တင်းသွားပြီး သူ့မျက်နှာက ရုတ်တရက် နစ်နာသည့်ပုံဖြစ်သွားကာ,
"ကျွန်တော်သူ့ကို ပစ်မှတ်ထားတော့
ဘာဖြစ်လဲ။ ကော စိုးရိမ်နေတာလား"

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now