အခန်း ၆ - မင်းကို လူကြားထဲမှာ ချီသွားရအောင်ငါ့ကို ဖိအားမပေးနဲ့

597 110 2
                                    

အခန်း ၆ - မင်းကို လူကြားထဲမှာ ချီသွားရအောင်ငါ့ကို ဖိအားမပေးနဲ့


'လမ်းတစ်လျှောက် ခြေလှမ်းတိုင်း
မင်းနဲ့အတူ'၌ အခြေခံ အားဖြင့်
ဖျော်ဖြေရေး အသိုင်းအဝိုင်းမှ စုစုပေါင်း
ဧည့်သည်စုံတွဲ ငါးတွဲကို ဖိတ်ခေါ်
ထားခဲ့သည်။ ဖန်းစစ်ရွေ့ ကဲ့သို့
အပြင်ဘက်မှတစ်စုံတစ်ယောက်လဲ ရှိနေ၏။

​မြို့တော်တွင် လူသိများသည့်
ရှေ့နေ့တစ်ယောက်ဖြစ်သည့် လင်းလုဖေး။ အရေးပါသည့် မိသားစုကြီးတစ်ခုမှ
ဖြစ်ကာ မိဘနှင့် ဆွေမျိုးများဟာ
နိုင်ငံရေးသမာများဖြစ်သည်။ တောက်ပတဲ့
အနာဂတ်နှင့် အမျိုးသားကောင်းလေးတစ်ယောက်ပင်။

သူဟာ celebrity တစ်ယောက်နှင့်
လက်ထပ်ချိန်မိသားစု၏ ပြင်းထန်လှသည့် ဆန့်ကျင်မှုကို ခံခဲ့ရသည်။ သို့သော်
အမည်မသိအကြောင်းပြချက်အချို့ကြောင့် သူ့မိသားစုဟာ နောက်ဆုံး
သဘောတူသွားခဲ့သည်။

သူ့ရဲ့ အိမ်ထောင်ဖက်နဲ့ ပတ်သတ်ပြီးကတော့
ရှန်ယွီဟာလဲ သူတို့နဲ့ အရမ်းကို အကျွမ်းတဝင် ရှိပါတယ်။

သူတို့ဟာ ထိုအချိန်က တစ်နှစ်တည်းတွင်
ပွဲဦးထွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်
တစ်ဦးနှင့်တစ်ဦး  ဆန့်ကျင်ဘက်ဖြစ်သွား
ကြသည်။ ယန်ချီချီက သူ၏ အရင်းအမြစ်များကို တိတ်တဆိတ် စတင် လုယူသည်အချိန်တွင်အရာအားလုံးစတင်ခဲ့တာဖြစ်သည်။

အာ ချောင်းချောင်း အကြောင်းပြောရင်
ချောင်းချောင်း ရောက်လာလိမ့်မယ်။

《 E/Tran - ချောင်းချောင်းက ဘယ်သူလဲလို့ ရှင်းဟယ်က ငါ့ကိုမေးတယ်။ ကောင်းပြီ
ချောင်းချောင်းအကြောင်းပြောပြီး ချောင်းချောင်းရောက်လာလိမ့်မယ် လို့ ပြောရအောင် အဲ့ဒါက နတ်ဆိုးအကြောင်းပြောရင် သူရောက်လာလိမ့်မယ်လို့ ပြောတာနဲ့ တူတူပဲ  》
 

"ရှောင်ယွီ မင်းအစောကြီးရောက်နေတာပဲ...."
ယန်ချီချီက ခင်မင်ရင်းနှီးစွာ ထိုင်ပြီး
သူ့ မျက်လုံးထောင့်မှ ဖန်းစစ်ရွေ့ ကို
ကြည့်လိုက်သည်။ သူ့ပါးစပ်မှ
ထွက်လာသည့်စကားများဟာ ရည်ရွယ်ချက်ရှိရှိ ငြင်သာပြီး ယဥ်ကျေးနေ၏,
"မင်း ဒီရှိုး မှာ ပါမယ်လို့ ကြားတာနဲ့
ငါ အလုပ်တွေအားလုံး အဝေးပို့ပြီး အမြန်လာလိုက်တာ..."

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now