အခန်း ၁၀ - မစိုးရိမ်ပါနဲ့ ငါမင်းကို စိတ်မဝင်စားဘူး

490 74 7
                                    

အခန်း ၁၀ - မစိုးရိမ်ပါနဲ့ ငါမင်းကို စိတ်မဝင်စားဘူး

သူတို့၏ ခရီးကို စီစဥ်ပြီးနောက်
ရှန်ယွီက ၎င်းကိုဂရုဏာသက်ဟန်နှင့်
အခြားဧည့်သည်အဖွဲ့များကို
ကြေညာပေးလိုက်သည်။ သူ့နောက်မှအထောက်အပံ့နှင့်အတူ သူ့ပါးစပ်က မော်ကြွားသည့်အပြုံးတစ်ခုပြုံးနေကာ
ပိုပြီးတောင် အထက်စီးဆန်လာ၏။

ယန်ချီချီက သူ၏အလွန်ယုံကြည်မှုရှိ
နေပုံကိုမြင်ရတာ အသားမကျနိုင်
ဖြစ်နေပြီး ဒါနဲ့ပတ်သတ်၍ အရမ်း
ကောင်းတဲ့အရာ ဖြစ်သည်ဟုလဲ
မခံစားရပါ။ ထို့ကြောင့် သူက
လှောင်ပြောင်တဲ့လေသံနဲ့ ပြောလိုက်
တယ်၊ "ရှောင်ယွီ မင်းက ပထမဆုံးပွဲဦးထွက်ချိန်ကနဲ့ အများကြီး
ပြောင်းလဲသွားတာပဲ"

"မင်းက အရမ်းကြင်နာပြီး နူးညံ့တာ
ငါမှတ်မိပါတယ်..."

ရှန်ယွီက သူ့ကို အကြည့်တစ်ချက်ပေး
လာပြီး၊
"မင်းရဲ့ ရှောင်ယွီ၊ ရှောင်ယွီ ဆိုတာကြီးကိုဖယ်လိုက်စမ်းပါ။ အဲ့ဒါက ငါတို့
တစ်ယောက်နဲ့တစ်ယောက် အရမ်းသိကျွမ်းတယ်လို့ လူတွေကိုထင်အောင်လုပ်နေတယ်..."

"မင်းငါ့ကိုနောက်ပိုင်းခေါ်ရင် ရှန်ယဲ့
လို့ခေါ်!"
(爷 ကလူကြီးသူမ ကိုခေါ်တဲ့သဘော
အဖိုးလို့လဲအဓိပ္ပါယ်ရှိပါတယ် မစ္စတာ
ဆိုတဲ့ အဓိပ္ပါယ်လဲ ဖြစ်မယ်ထင်တယ်)

ယန်ချီချီက ပါးစပ်အကျယ်ကြီးပွင့်ဟ
သွားသော်လည်း အတော်ကြာသည်
အထိ ဘာမှမပြောချေ။

[ဒါက ဇနီးမောင်နှံ variety show
ရောဟုတ်ရဲ့လား။ ဒရာမာ
နန်းတော်ကြီးလို့ပဲ ပိုခံစားရနေရတယ်။
ရှန်နျန်နျန်က ကိုယ်လုပ်တော်တွေကို
ဒေါသထွက်အောင် သူ့အင်အားသုံး
နေတာပဲ။ သူတို့အားလုံးနဲ့တိုက်ခိုက်ရမှာ သူမကြောက်ဘူးလား]

(နျန်နျန်ဆိုတာ ဧကရီဘုရင်မကိုခေါ်တဲ့အသုံးအနှုန်းပါ)

[ပရိုဂရမ်အဖွဲ့က သူတို့ဧည့်သည်တွေကို ဘယ်လိုရွေးထားတာလဲ။ ကြည့်ရတာ
လူတိုင်းက ရှန်ယွီကို မလိုမုန်းထား
ဆန့်ကျင်နေတဲ့ပုံပဲ။ မဟုတ်ဘူး
ဒါ သူတို့အမှားမဟုတ်ဘူး။ မစ္စတာရှန်က
ဖျော်ဖြေရေးလုပ်ငန်း အများစုကို
စိတ်အနှောက်အယှက် ပေးတတ်တယ်]

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now