အခန်း ၁ - ကွာရှင်းချင်တာလား? မင်းအိပ်မက်မက်နေတာပဲ

1K 141 4
                                    

အခန်း ၁ - ကွာရှင်းချင်တာလား? မင်းအိပ်မက်မက်နေတာပဲ

E title: The Sickly CEO Asks For Hugs Everyday After Obtaining The Ability To Read Minds

Author : 妖精本妖

Associated Names :
穿书:病娇大佬有了读心术后天天求抱抱

MM Translator : Li Soung Oo

Date: 26.11.2023 (Sunday)

.........

VIP လူနာဆောင်တစ်ခု ရှေ့တွင် အမျိုးသား
တစ်ယောက်ရပ်နေခဲ့သည် ။ သူ့ရဲ့ ကျစ်လစ်
ပြီး လှပတဲ့ လက်တွေက ပိတ်ထားတဲ့ သေတ္တာ
လေးပေါ် ထိနေခဲ့တယ်  ။ သူ့ရဲ့ ဆွဲဆောင်မူရှိ
တဲ့ မျက်လုံးတွေက တံခါးပေါ် ကျရောက်
နေပြီး သူ့မျက်နှာပေါ်တွင် ရူပ်ထွေးမူတစ်ခု
ဖြတ်ပြေးသွားတယ် ။

အတော်ကြာတွေးပြီးနောက်, အဆုံးတွင်
သူဟာ တံခါးကို ညင်သာစွာ ခေါက်လိုက်
တယ် ။

" ဝင်လာခဲ့ " အထဲမှာ ခပ်နိမ့်နိမ့် နဲ့ အေးစက်တဲ့ အသံတစ်ခု ထွက်လာ၏ ။

အမျိုးသားရဲ့ လှပတဲ့ မျက်လုံးတွေက
နက်မှောင်သွားခဲ့ပြီး သူက ချက်ချင်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တယ် ။

" ရွေ့ကော, ဒီမှာ ကော အတွက်
ဆေးနည်းနည်းယူလာတယ်.."
သူ့အသံက စိုးရိမ်ပူပန်နေခဲ့
တယ် ။ သူ့မျက်လုံးများက သူ့​ခြေထောက်ပေါ်ကို စိုက်ကြည့်နေပြီး အမှားတစ်စုံ
တစ်ခု လုပ်မိထားတဲ့ ကလေးတစ်ယောက်ပုံစံဖြစ်နေကာအဆူခံရပြီး
အပြစ်ပေးခံရမှာ ကြောက်နေပုံပေါ်သည် ။

လူနာဆောင်ရဲ့ ပြတင်းပေါက်ဘေးတွင်,
ဝှီးချဲလ် ပေါ်က ဆေးရုံဝတ်စုံဝတ်ထားတဲ့ အမျိုးသား တစ်ယောက်က သူ့ကို လှောင်ရယ်လာခဲ့တယ်,
" ရှန်ယွီ ,မင်းမှာ မျက်နှာရှိနေ
သေးတာလား?!"

ရှန်ယွီက သူ့ခေါင်းကို မော့ပြီး, အသက်ရှူမှား
လောက်သော်လည်း စိုးရိမ်ထိတ်လန့်နေတဲ့
မျက်နှာကို ဖော်ပြလာခဲ့ကာ, " ရွေ့ကော,
ကျွန်တော် တကယ် အဲ့လို ဆိုလိုတာ
မဟုတ်ပါဘူး!"

" ကားထဲက လူက ယန်ရွေ့ချင် လို့ ကျွန်တော်ထင်လိုက်တာ... "

" အဲ့ဒါနဲ့ပဲ မင်းက ဘရိတ်တွေကို ကလိ ပစ်လိုက်တယ်ပေါ့?"
ဖန်းစစ်ရွေ့ က သူ့ပါးစပ်ထောင့်
တွေကို ထိန်းလိုက်ပြီး, သူ့မျက်နှာက ဆီးနှင်း
များသဖွယ် အေးစက်ရိပ်များ စွန်းထင်းနေခဲ့
တယ် ။

စိတ်ဖတ်စွမ်းရည်ကိုရပြီးနောက်မကျန်းမာတဲ့CEOကပွေ့ဖက်ပေးဖို့နေ့တိုင်းတောင်းပန်နေတယ်Where stories live. Discover now